3.28

917 126 14
                                    

Unicode

ချီယွိက ကားပေါ်မှာ အစောင့်တချို့ချန်ရစ်ခဲ့လိုက်ပြီး ကျန်တဲ့လူတွေနဲ့အတူ သူတို့တည်းခိုရမယ့်နေရာကို သွားလိုက်ကြတယ်။ ဟုန်ရင်က ချီယွိတို့ကိုခေါ်ဆောင်သွားပေးဖို့ လူတစ်ယောက်စေလွှတ်ပေးခဲ့ပြီး အနီရောင်သုံးထပ်တိုက်ကြီးတစ်လုံးကို ချီယွိတို့အဖွဲ့နေလို့ရအောင် စီစဉ်ပေးခဲ့တယ်။

မြေညီထပ်မှာ အိပ်ခန်းနှစ်ခန်းရှိပြီး ဒုတိယနဲ့တတိယထပ်မှာတော့ အိပ်ခန်းသုံးခန်းစီပါရှိတယ်။ ထို့အပြင် ဧည့်ခန်းမှာလည်း ဆိုဖာတွေရှိနေသေးတော့ တစ်ချို့တစ်ဝက်က နှစ်ယောက်တစ်ခန်းနေလိုက်ကြပြီး ကျန်တဲ့လူတွေကတော့ ဧည့်ခန်းထဲကဆိုဖာတွေပေါ်မှာ အိပ်စက်အနားယူဖို့ပြင်လိုက်ကြတယ်။

ပြီးတော့ အိပ်ဆောင်ပတ်လည်မှာလည်း အစောင့်နှစ်ယောက်လည်း ချထားလိုက်တယ်။

ချီယွိက ထုံးစံအတိုင်း နဉ်မုန့်လေးနဲ့အတူ အခန်းတစ်ခန်းယူလိုက်တာပေါ့။ တရားဝင်မချပြပေမယ့် ချီယွိနဲ့နဉ်မုန့်ကြားကဆက်ဆံရေးကို လူတိုင်းနီးပါးသိနေကြလေပြီ။ နှစ်ယောက်သားက ညတိုင်းအတူတူအိပ်နေကြဆိုတော့ ကျန်တဲ့လူတွေလည်း သူတို့နှစ်ယောက်ကို တစ်ယောက်တည်းလို့တောင် သတ်မှတ်ထားကြလေရဲ့။

တချိန်လုံးလမ်းပေါ်မှာပဲ ခရီးသွားနေကြရတာဆိုတော့ စားတာနဲ့အိပ်တာကအဆင်ပြေပေမယ့် ရေချိုးစရာနေရာတော့မရှိဘူးလေ။ အခုလို အိမ်တစ်လုံးထဲကိုရောက်တာနဲ့ နဉ်မုန့်ကတော့ ရေချိုးဖို့ပြင်တော့တာပဲ။ အခန်းထဲရောက်တာနဲ့ အဝတ်အစားတွေယူပြီး ကပျာကယာ ရေချိုးသွားလိုက်တယ်။

ဆုရှုက ပတ်ဝန်းကျင်ကိုလိုက်စစ်ဆေးရင်း မော့ရှုန်းနဲ့အတူ ချီယွိတို့အခန်းထဲကိုရောက်လာခဲ့တယ်။ သူတို့ရောက်လာတဲ့အချိန် အခန်းထဲမှာ ချီယွိတစ်ယောက်တည်းပဲ။ ဆုရှုလည်း ချီယွိအနားကိုသွားလိုက်ပြီး..

“ခေါင်းဆောင်.. ဒီရွာက မသင်္ကာစရာကောင်းတယ်.. ညဖက်ကင်းစောင့်ဖို့ လူထပ်ဖြည့်လိုက်ရမလား..?”

ဆုရှုက အသံတိုးတိုးဖြင့်ပြောလိုက်တယ်။

“ဒါမှမဟုတ် လူတွေအိပ်သွားကြရင် ရွာထဲသွားပြီးစစ်ဆေးကြည့်ကြမလား..?”

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now