3.31

903 119 4
                                    

Unicode

သူတို့မနက်စာစားနေတဲ့အချိန်တုန်းက လူတိုင်းမနက်စာပေါ်မှာပဲ အာရုံရောက်နေကြတာကြောင့် နဉ်မုန့်ခနထွက်သွားတာကို ဘယ်သူမှသတိမထားမိလိုက်ကြဘူး။ သူမ,ဘေးနားမှာထိုင်နေတဲ့ ချီယွိတစ်ယောက်ပဲ သတိထားမိလိုက်တယ်။ နဉ်မုန့်ပြန်ရောက်လာတော့ သူမရဲ့မျက်နှာအမူအယာက ပျက်ယွင်းနေခဲ့တယ်။

နဉ်မုန့်လေးက မလိမ်ညာတတ်သလို မကောင်းတဲ့ကိစ္စလည်း လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ လူတွေများနေတာကြောင့် ချီယွိလည်း မသိချင်ယောင်ဆောင်ပြီး သူမလေးကိုမမေးခဲ့ဘူး။ ထို့နောက် ဟုန်ရင်နဲ့သူမရဲ့လူတွေက လူလိုက်ရှာကြတော့တာပဲ။

ချီယွိလည်း သူ့လက်မောင်းကြားက တုန်ယင်နေတဲ့ကလေးမလေးကို တချက်ကြည့်လိုက်တယ်။ လူတွေရဲ့အမြင်မှာတော့ ကျွင်းနင်က ဟုန်ရင်ရဲ့ခြိမ်းခြောက်မှုတွေကြောင့် ကြောက်ရွံ့နေတာပေါ့။ ဒါပေမဲ့ ချီယွိက နဉ်မုန့်ကို တခြားလူတွေမမြင်အောင် ကာထားပေးတာကြောင့် သူမ,တုန်ယင်နေတာကို ချီယွိတစ်ယောက်ပဲသိလိုက်တယ်။

အခုတော့ နဉ်မုန့်က အပြင်ထွက်သွားတဲ့ခနလေးအတွင်းမှာ ဟုန်ရင်တို့လိုက်ရှာနေတဲ့လူနဲ့ တွေ့ခဲ့တယ်ဆိုတာကို ချီယွိတစ်ယောက် သေချာသွားခဲ့လေပြီ။

ရွာနဲ့တော်တော်အလှမ်းဝေးတဲ့ နေရာကိုရောက်မှ ချီယွိလည်း သူ့ဘေးနားမှာထိုင်နေတဲ့နဉ်မုန့်ကို မေးလိုက်တယ်။

“နင်နင်.. ကိုယ့်ကို တစ်ခုခုဖုံးကွယ်ထားတာရှိလား..?”

နဉ်မုန့်က ချီယွိရဲ့အမြီးလေးလိုပဲ။ ချီယွိဘယ်နေရာသွားသွား အနောက်ကနေ တကောက်ကောက်လိုက်နေကျ။ ကားထဲမှာထိုင်ရင်လည်း ချီယွိကိုမှီပြီးထိုင်တတ်သေးတယ်။ ဒါပေမဲ့ အခုတော့ နဉ်မုန့်ကသီးခြားထိုင်နေပြီး သူနဲ့ထိတောင်မထိဘူး။ သူတို့နှစ်ယောက်ကြားမှာ နေရာလွတ်တစ်ခုတောင်ရှိနေတယ်။ ပြီးတော့ ကားထဲကိုရောက်ကတည်းက နဉ်မုန့်ရဲ့ပုံစံက ဂနာမငြိမ်ဘူး။

ချီယွိမေးလိုက်တော့ နဉ်မုန့်က ခေါင်းမော့ကြည့်လာခဲ့တယ်။ ပါးစပ်ဖွင့်လိုက်ပြီး စကားပြောဖို့ပြင်နေပေမယ့် အသံတစ်ခုမှထွက်မလာပြန်ဘူး။ ချီယွိလည်း သူမ,ဆိုလိုတာကိုနားလည်သွားပြီး ပြောလိုက်တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now