3.16

1K 133 7
                                    

Unicode

တန်ဝမ်ယွဲ့စကားဆုံးတာနဲ့ နဉ်မုန့်က ချက်ချင်းခေါင်းမော့လိုက်ပြီး သူမကိုလှည့်ကြည့်လိုက်တယ်..

ကြည့်ရတာ တန်ချင်းချင်းက ဒီအတွက်ရောက်လာခဲ့တာပဲ.. နဉ်မုန့်ကို တောင်းပန်တယ်ဆိုတာက အကြောင်းပြချက်ပေါ့.. တကယ်တန်းကျ ချီယွိနဲ့အတူတူ Base အပြင်ကို သွားချင်နေတာပဲ..

မနေ့က ညနက်တော့ တန်ချင်းချင်းပြန်ရောက်လာခဲ့တယ်.. ပြီးတော့ သေသေချာချာ သုံးသပ်ကြည့်ခဲ့တယ်.. သူမ,မနေ့က မအောင်မြင်ခဲ့ရတာ လူတွေအများကြီး ရှိနေခဲ့လို့ပဲ.. ဒါပေမဲ့ ကျွင်းလင်းမော့နဲ့သာ Base အပြင်ကို အတူတူသွားနိုင်ခဲ့ရင် အခြေအနေတွေက ပြောင်းလဲသွားလိမ့်မယ်..

Base အပြင်မှာဆို လူတွေအများကြီး ရှိနေမှာမဟုတ်ဘူး.. ချီယွိလည်း သူမကိုအဖက်မလုပ်ပဲနဲ့ လျှောက်သွားနေတော့မှာ မဟုတ်ဘူးလေ.. ကံကောင်းချင်တော့ သူမတောင် စကားမစရသေးဘူး.. တန်ဝမ်ယွဲ့က စကားဦးသမ်းလာခဲ့တယ်..

ပိုပြီးအံ့အားသင့်ဖို့ကောင်းတာက တန်ဝမ်ယွဲ့ရဲ့မျက်ဝန်းတွေကတဆင့် သူမအပေါ်သဘောကျမှုတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတာပဲ.. တန်ဝမ်ယွဲ့က သူမအပေါ် ချွေးမတစ်ယောက်လို ကြည့်နေခဲ့တယ်..

တန်ချင်းချင်းလည်း မျက်နှာနီရဲသွားပြီး ဟန်ဆောင်ပန်ဆောင်ခေါင်းငုံ့လိုက်ကာ တန်ဝမ်ယွဲ့ကိုပြန်ဖြေလိုက်တယ်..

“အန်တီ.. စိတ်မပူပါနဲ့.. နင်နင်နဲ့ ကိုကိုလင်းမော့ကို ဂရုစိုက်လိုက်ပါ့မယ်..”

ထမင်းထိုင်စားနေတဲ့နဉ်မုန့်လည်း မျက်မှောင်ကြုတ်သွားခဲ့တယ်.. ဒါပေမဲ့ သူမ,ပြောမလို့ပြင်လိုက်တဲ့အချိန် အသားတုံးတစ်ခုက သူမရဲ့ပါးစပ်ထဲကို ရောက်လာခဲ့တယ်..

ချီယွိပဲ..

နဉ်မုန့်လည်း အသားတုံးကိုကိုက်ရင်း တူပြန်သိမ်းသွားတဲ့ချီယွိကို လှည့်ကြည့်လိုက်တယ်.. ထို့နောက် လိမ်လိမ်မာမာနဲ့ပဲ အသားကိုဝါးစားလိုက်ပြီး စကားပြောတာရပ်လိုက်တယ်.. ချီယွိရဲ့အမူအယာကတော့ ပုံမှန်အတိုင်းပဲ.. လိမ္မော်ရည်ကို တစ်ငုံသောက်လိုက်ပြီး‌ အေးစက်စက်လေသံဖြင့်...

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now