3.2

2.3K 165 13
                                    

Unicode

နှစ်ယောက်သား အခန်းကိုလော့ချကာ ဝင်သွားလိုက်တယ်.. အခန်းထဲရောက်သည့်တိုင်အောင် ချီယွိက သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲပင်..

နောက်ဆုံးတော့ နဉ်မုန့် တစ်စုံတစ်ရာမှားယွင်းနေကြောင်း ခံစားမိလိုက်တော့တယ်..

“ရွှစ်.. Host.?” နဉ်မုန့်က ချီယွိကို ခပ်တိုးတိုးခေါ်လိုက်တယ်..

ချီယွိက သူမကို လက်တစ်ဖက်ဖြင့်ဖမ်းဆွဲထားရင်း ကျန်လက်တစ်ဖက်ဖြင့် နက်ကတိုင်ကို ဖြေလျော့လိုက်တယ်.. နဉ်မုန့်ရဲ့ခေါ်သံကိုကြားပေမယ့် ချီယွိက သာမန်ကာလျှံကာပဲ တုန့်ပြန်လိုက်တယ်.. သူမကို ဆိုဖာရှိရာခေါ်ဆောင်သွားခဲ့ပြီး လက်လွှတ်ပေးလိုက်တယ်..

နဉ်မုန့်လည်း နောက်ဆုံးတော့ သူ့Host ကူးပြောင်းသွားသည့် ခန္ဓာကိုယ်အသစ်ရဲ့ပုံစံကို ကောင်းကောင်းမွန်မွန် မြင်လိုက်ရချေပြီ.. ဒါပေမဲ့ နဉ်မုန့်ခမျာ သူ့Host ရဲ့ ခန့်ညားတဲ့အသွင်အပြင်ကို အကြာကြီးမငမ်းလိုက်ရရှာဘူး.. ချီယွိနဲ့ အကြည့်ချင်းဆုံလိုက်မိတာနဲ့ အန္တရာယ်အငွေ့အသက်ကို  သတိထားမိလိုက်တယ်..

ချီယွိရဲ့မျက်လုံးတွေက မှင်ရည်မှောက်ကျထားသလို မဲနက်စူးရှလို့နေလေရဲ့.. အထူးသဖြင့် သူမကိုစိုက်ကြည့်နေတဲ့အချိန်ပေါ့.. မုဆိုးက သူ့ရဲ့သားကောင်ကို ကြည့်နေသလိုပဲ.. နဉ်မုန့်ရဲ့နှလုံးသားထဲမှာ ထူးဆန်းတဲ့အတွေးတွေ ဖြစ်ပေါ်လာစေခဲ့တယ်..

ချီယွိက သူမကိုစားချင်နေတယ်လို့ သူမ,တကယ်ကြီး တွေးနေမိတာလား..?

နဉ်မုန့် သူ့မရဲ့ဦးနှောက်က ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရတယ်.. ဒါပေမဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကြောင့် နဉ်မုန့် တစ်စုံတစ်ရာကို သိလိုက်ရချေပြီ.. သူမဦးနှောက်လေးတင်မဟုတ်ဘူး.. ကမ္ဘာကြီးတစ်ခုလုံး ပေါက်ကွဲတော့မှာဟ..

ချီယွိက နဉ်မုန့်ကို ဆိုဖာပေါ် တွန်းချလိုက်ပြီး သူ့တစ်ကိုယ်လုံးကို သူမအပေါ်မှာ အုပ်မိုးလိုက်တယ်..

“Host, နင်ဘာလုပ်ချင်နေတာလဲ?” နဉ်မုန့် ပထမဆုံးအကြိမ် ကြောက်စိတ်ဝင်လာခဲ့ပြီး ပြန်လည်ခုခံရန် လက်ဆန့်ထုတ်လိုက်တယ်...

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now