3.15

1K 128 2
                                    

Unicode

နဉ်မုန့်အတွက် သိမ်းစရာပစ္စည်းသိပ်မရှိပါဘူး.. လဲလှယ်ဝတ်ဖို့ အင်္ကျီတစ်ချို့လောက်ပဲ.. ဒါပေမဲ့ ချီယွိနဲ့နဉ်မုန့်တို့ ခရီးထွက်မယ့်အကြောင်းကို အိမ်တော်ထိန်းကသိတော့ နဉ်မုန့်အတွက် ဆေးဝါးနဲ့တခြားလိုအပ်တဲ့ပစ္စည်းတစ်ချို့ကို ထုတ်ပိုးပေးခဲ့တယ်..

သူတို့နှစ်ယောက် အတူတူသွားဖို့ပြင်ဆင်နေက ကျွင်းချင်နဲ့တန်ဝမ်ယွဲ့ကို အံ့အားသင့်စေခဲ့တယ်..

ချီယွိက Base ရဲ့နံပါတ်တစ်စွမ်းအားရှင်၊ ပြီးတော့ ဗိုလ်မှူးတစ်ယောက်လည်း ဖြစ်နေပြန်တော့ တာဝန်နဲ့အပြင်ကိုသွားနေကျပဲ.. ဒါပေမဲ့ ဒီတစ်ခေါက် ဘာလို့နဉ်မုန့်ကို သူနဲ့အတူခေါ်သွားရတာလဲ..?

သိတဲ့အတိုင်းပဲ.. ဒီမောင်နှမနှစ်ယောက်က ကလေးဘဝတည်းက တစ်ယောက်နဲ့တစ်ယောက် သိပ်မခင်တွယ်ကြဘူးလေ.. ရန်ဖြစ်တာမျိုးမရှိပေမယ်.. အတူတူလည်း မကစားတတ်ကြဘူး..

ဘယ်အချိန်ကစပြီး သူတို့နှစ်ယောက် ခင်တွယ်သွားကြတာပါလိမ့်..?

တန်ဝမ်ယွဲ့က အရပ်ရှည်တဲ့ချီယွိနဲ့ ဖြူဖွေးလှပတဲ့နဉ်မုန့်ကို တလှည့်စီကြည့်လိုက်တယ်.. ရုတ်တရက် တန်ဝမ်ယွဲ့ရဲ့ဦးနှောက်ထဲမှာ အတွေးတစ်ခုဖြတ်ပြေးသွားခဲ့တယ်..

သူမက နဉ်မုန့်အနားကိုသွားပြီး ခပ်တိုးတိုးမေးလိုက်တယ်..

“နင်နင်.. သမီးနဲ့သမီးရဲ့အစ်ကို.. နှစ်ယောက်က….?”

“ဟမ်.?”

နဉ်မုန့်ကလည်း တန်ဝမ်ယွဲ့ကို လှည့်ကြည့်တယ်.. သူမရဲ့မျက်ဝန်းတွေက ကြည်လင်နေပေမယ့် အနည်းငယ်တွေဝေနေခဲ့တယ်.. သူမကြည့်ရတာ အရွယ်မရောက်သေးတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါပဲ..

သူမအတွေးကို မေးချင်နေတဲ့ တန်ဝမ်ယွဲ့လည်း ဘာဆက်ပြောရမှန်းမသိတော့ဘူး...

“ဘာမှမဟုတ်ပါဘူး.. သမီးနဲသမီးအစ်ကို အပြင်သွားတဲ့အချိန်ကျရင် အန္တရာယ်ကင်းအောင် ဂရုစိုက်ကြနော်.. ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်..” တန်ဝမ်ယွဲ့က ပြန်ပြောလိုက်တယ်..

တန်ဝမ်ယွဲ့ရဲ့အမူအယာက အနည်းငယ်ထူးဆန်းနေခဲ့ပေမယ့် နဉ်မုန့်ကတော့ အများကြီးမတွေးမိခဲ့ဘူး.. အားပါးတရပြုံးလိုက်ပြီး..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now