3.38

899 116 9
                                    

Unicode

ဆုရှုက ချီခယ့်ရဲ့လက်ကို ဖမ်းဆွဲထားလိုက်ပြီး ပြုံးပြလိုက်ကာ..

“ချီခယ့်.. စွမ်းအားတွေအများကြီးသုံးခဲ့ရတာဆိုတော့ အမြုတေတွေကိုသုံပြီး စွမ်းအားဖြည့်တင်းဖို့ မလုပ်တော့ဘူးလား..?”

“မလိုဘူး.. လွှင့်ပစ်လိုက်..”

ချီခယ့်က တည်ငြိမ်စွာပြန်ဖြေလာခဲ့တယ်။ ဆုရှုလည်း မျက်ခုံးပင့်လိုက်ပြီး ကောင်လေးကို အံ့ဩတကြီး ကြည့်လိုက်တယ်။

ကမ္ဘာပျက်ကပ်မှာတော့ အမြုတေတွေဆိုတာ လူကြိုက်အများဆုံးအရာပဲ။ စွမ်အားတိုးတက်အောင် အသုံးပြုလို့ရရုံတင်မကဘူး၊ အစားအသောက်တွေနဲ့လည်း လဲလှယ်လို့ရသေးတယ်။ ထို့အပြင် စွမ်းအားအသုံးပြုပြီးရင်လည်း စွမ်းအားတွေပြန်လည်ဖြည့်တင်းဖို့ အသုံးပြုလို့ရနိုင်သေးတယ်။

စွမ်းအားရှင်တိုင်းက အမြုတေတချို့ကို အရေးပေါ်အခြေအနေအတွက် ကိုယ်နဲ့မကွာ ဆောင်ထားတတ်ကြတယ်။ အဆင့် ၁ အမြုတေဆိုရင်တောင် အများကြီးအသုံးဝင်လွန်းလို့ ဒီလိုအဆင့်မြင့်အမြုတေတွေဆိုရင် Base ခေါင်းဆောင်တွေတောင် မနာလိုဖြစ်သွားကြလိမ့်မယ်။

ဒါပေမဲ့ ဒီလူရဲ့မျက်လုံးထဲမှာ အသုံးမဝင်ဘူးတဲ့လား..!

ဒါပေမဲ့ ဆုရှုကတော့ ဒီကောင်လေးပြောသလို အမြုတေတွေကို မလွှင့်ပစ်နိုင်ပါဘူး။ ဆုရှုလည်း သူ့ရဲ့လက်ကိုလွှတ်ပေးလိုက်ပြီး အမြုတေအိတ်တွေကိုပွေ့ဖက်လိုက်ကာ ထပ်ပြောလိုက်တယ်။

“လွှင့်ပစ်လိုက်ရင် နှမြောစရာကြီး.. ခေါင်းဆောင်ပြန်လာတာကိုစောင့်ပြီး အလဲအလှယ် လုပ်ကြရအောင်လေ..”

ဒါပေမဲ့ ချီခယ့်က ဘာမှပြန်မဖြေခဲ့တော့ဘူး။ သူ့ရဲ့ပုံစံက ကြက်ပေါက်လေးတစ်ကောင်အလား ပြန်လည်တိတ်ဆိတ်သွားခဲ့၏။

ချီခယ့်ရဲ့အမူအယာက စကားပြောနေသည်ဖြစ်စေ၊ စကားမပြောသည်ဖြစ်စေ၊ တစ်ပုံစံတည်းပဲ။ လုံးဝမပြောင်းလဲသွားဘူး။ အားနာပါးနာနဲ့ ပြုံးပြတာမျိုးတောင်မရှိခဲ့ဘူး။ ချီယွိရဲ့အေးစက်တည်ငြိမ်တဲ့အမူအယာလိုမဟုတ်ပေမယ့် သူ့ရဲ့ပုံစံကလည်း ခန့်မှန်းရခက်ခဲလွန်းတယ်။ တကယ်လို့ သူသာအစွမ်းမပြခဲ့ဘူးဆိုရင် စွမ်းအားမရှိ၊ အသုံးမဝင်တဲ့ကောင်လေးလို့ပဲ ထင်မြင်ကြမှာ။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now