3.17

1K 126 3
                                    

Unicode

ချီယွိက Star Base ကိုသွားပြီး Dr.ကျန်းကို ရှာဖွေဖို့ရည်ရွယ်ထားပြီးသား.. ဒါပေမဲ့ သူ,မပြောရသေးခင် ကျွင်းချင်က စာကြည့်ခန်းထဲခေါ်ပြီး အရင်ပြောခဲ့တယ်..

Star Base က လွန်ခဲ့တဲ့လဝက်လောက်ကတည်းက ဇွန်ဘီတွေရဲ့တိုက်ခိုက်မှုအောက်ကို ကျရောက်သွားခဲ့ရပြီ.. ဒါပေမဲ့ Dr.ကျန်းကတော့ အသက်ရှင်လျက်ရှိနေဆဲပဲ.. ထို့အပြင် Dr.ကျန်းက သူတို့ရဲ့ Floating Light Base ကို အချက်ပြပြီး အကူအညီတောင်းခဲ့တယ်..

ကမ္ဘာပျက်ကပ်စတင်ခဲ့ပြီးနောက် Dr.ကျန်းက လူသားတွေအတွက် ဇွန်ဘီတွေကိုရင်ဆိုင်တဲ့နေရာမှာ အထောက်အကူရအောင် ဆေးဝါးတွေအများကြီး တီထွင်ပေးခဲ့တယ်.. ပြီးတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကဆို ဇွန်ဘီရောဂါပိုးကို တိုက်ဖျက်နိုင်တဲ့ ဆေးရည်ကြည်တစ်မျိုးကိုတောင် တီထွင်နိုင်ခဲ့သေးတယ်..

အစောပိုင်းမှာတော့ ဆေးရည်ကြည်က ပြုလုပ်ရခက်ခဲပြီး ချို့ယွင်းချက်တွေလည်း ရှိနေတယ်.. ဒါပေမဲ့ လူတော်တော်များများက လိုချင်နေကြဆဲပဲ.. အဲ့နောက်မှာတော့ Dr.ကျန်းက ဆေးရည်ကြည်ကို အဆင့်မြှင့်နိုင်ဖို့ ကြိုးစားခဲ့တယ်.. နောက်ဆုံးတော့ ဆေးရည်ကြည်က ဇွန်ဘီရောဂါပိုးကို လုံးဝဥဿုံဖယ်ရှားနိုင်တဲ့အဆင့်အထိ ဖြစ်လာခဲ့တယ်..

ဇွန်ဘီတွေသာ Star Base ကို ဝင်မတိုက်ခဲ့ဘူးဆိုရင် အခုလောက်ဆို Dr.ကျန်းက နာမည်ကျော်နေလောက်ပြီ.. ပြီးတော့ Star Base ရဲ့အဆင့်အတန်းကလည်း အရမ်းကိုမြင့်သွားလောက်ပြီ.. အခုလို သူများလာကယ်ဖို့ စောင့်နေရမှာမဟုတ်ဘူး..

Floating Light Base က Dr.ကျန်းရဲ့ အကူအညီတောင်းတဲ့အချက်ပြမှုကို တွေ့လိုက်တာနဲ့ Dr.ကျန်းကို ပြန်ဆက်သွယ်ခဲ့တယ်..

Dr.ကျန်းရဲ့ကမ်းလှမ်းမှုက Floating Light Base ကသာ သူ့ကိုကယ်တင်ပေးနိုင်ခဲ့ရင် ချွင်းချက်မရှိ အဆင့်မြှင့်ပြီးသားဆေးရည်ကြည့်ဖော်စပ်ပုံကို Floating Light Base ကို လွှဲပေးမယ်လို့ပေါ့..

ဆေးရည်ကြည်..!

အဲ့တာက ဒီခေတ်မှာတော့ အသက်တမျှအရေးကြီးတဲ့ပစ္စည်းပဲ..
ဆေးရည်ကြည်ကိုသာ ပိုင်ဆိုင်ထားရင် အသက်တစ်ချောင်း အပိုရထားသလို သတ်မှတ်လို့ရတယ်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now