3.10

1.1K 132 11
                                    

Unicode

ကျွင်းမိသားစုလေးယောက်မှာ ကျွင်းသခင်မဖြစ်တဲ့တန်ဝမ်ယွဲ့က နောက်ဆုံးတော့ပေါ်ထွက်လာခဲ့တယ်.. တချိန်တည်းမှာပဲ တန်ချင်းချင်းက သူမ,ကျွင်းနင်ကို နှင်ထုတ်ချင်နေပါတယ်လို့ပြောခဲ့တာကိုလည်း နောက်ဆုံးမှသိလိုက်ရတယ်..

ဒီနေ့စားသောက်ပွဲကို တန်ဝမ်ယွဲ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက် ရောက်လာခဲ့တယ်လေ.. ကမ္ဘာပျက်ပြီးကတည်းက သူတို့နှစ်ယောက်က အဆက်အသွယ်ပြတ်နေတာ ၇ နှစ်လောက်ရှိနေခဲ့ပြီဆိုတော့ အချင်းချင်းပြန်တွေ့ချိန်မှာ နှစ်ယောက်သားပွေ့ဖက်ရင်း မျက်ရည်လည်ရွဲပေါ့.. စားသောက်ပွဲပြီးတော့လည်း တန်ဝမ်ယွဲ့က သူမရဲ့သူငယ်ချင်းကို အိမ်အထိလိုက်ပို့ပေးခဲ့တယ်…

ဒါပေမဲ့ အိမ်ပြန်ရောက်လာတဲ့အချိန်မှာ အစေခံခေါင်းဆောင် ပြန်ပြောပြလို့ ချီယွီက တန်ချင်းချင်းကို မောင်းထုတ်လိုက်မှန်း သိလိုက်ရတယ်.. တန်ဝမ်ယွဲ့လည်း ကျွင်းနင်ကို သွားရှာတော့တာပေါ့..

အချိန်က နောက်ကျလွန်းလို့ နဉ်မုန့်တောင်မှ ရေမိုးချိုး၊ ညအိပ်ဝတ်စုံလဲပြီး အိပ်ဖို့အဆင်သင့်ဖြစ်နေခဲ့ပြီ.. အဲ့အချိန်မှာ တန်ဝမ်ယွဲ့က တံခါးခေါက်ပြီး အခန်းထဲဝင်လာခဲ့တယ်..

တန်ဝမ်ယွဲ့က အသက် ၄၀ ကျော်လောက်ပဲ ရှိဦးမယ်.. အထက်တန်းကျစွာ ဝတ်စားဆင်ယင်ထားပြီး သူမရဲ့မျက်နှာပေါ်မှာ အရေးအကြောင်းအနည်းငယ်ရှိနေပေမယ့် သိပ်မသိသာဘူး..

“မေမေ.. အရမ်းနောက်ကျနေပြီ.. မအိပ်သေးဘူးလား..?” နဉ်မုန့်လည်း အိပ်ယာပေါ်ကနေ ထထိုင်လိုက်ရတော့တယ်..

တန်ဝမ်ယွဲ့က အိပ်ယာနံဘေးကိုလျှောက်လာခဲ့ပြီး ခုတင်အစွန်းမှာထိုင်လိုက်တယ်.. နဥ်မုန့်ကိုစိုက်ကြည့်ရင်း သူမရဲ့ဆံပင်တွေကို အသာအယာ ပွတ်သပ်ပေးလာခဲ့တယ်.. ပြီးတော့မှ သက်ပြင်းချကာ တိုးညင်းသည့်လေသံဖြင့်..

“နင်အာ.. သခင်ကြီးက ဒီနေ့ဖြစ်ပျက်ခဲ့သမျှတွေကို ပြောပြခဲ့တယ်.. အစေခံခေါင်းဆောင်ဆီကလည်း ကြားခဲ့ရတယ်.. သူမအစား မေမေကပဲ တောင်းပန်ပါတယ်..”

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now