3.42

861 108 2
                                    

Unicode

ချီယွိကိုမြင်လိုက်သည်နှင့် တပ်သားတွေလည်း သတင်းပို့ချင်ပေယ့် ချီယွိက ဒီအတိုင်းဖြတ်လျှောက်သွားခဲ့တယ်။ 1.9 m ( ၆ ပေ ၂ လက်မ) ခန့်မြင့်မားသည့် သစ်ကုလားအုတ်လိုအရပ်ကြီးနဲ့ ပြင်းထန်လွန်းတဲ့မျက်နှာထားကြောင့် ဘယ်သူမှ စကားသွားမပြောရဲကြဘူး။

ဆုရှုက ချီယွိကို အပေါ်ထပ်အခန်းကို ခေါ်ဆောင်သွားလိုက်တယ်။ ချီယွိတို့ကို ပြင်ဆင်ထားပြီးသား အခန်းတစ်ခန်းပေးလိုက်ပြီး ပြန်လှည့်လိုက်တဲ့အချိန် ဘယ်အချိန်ကတည်းက သူ့အနောက်ရောက်နေမှန်းမသိတဲ့ ချီခယ့်ကို တွေ့လိုက်ရလေရဲ့။

“မင်းဘာလုပ်နေတာလဲ..?”

ဆုရှုက မျက်ခုံးပင့်ပြီးမေးလိုက်တယ်။ ထို့နောက် ချီခယ့်ရဲ့လက်ကိုကိုင်ပြီး အောက်ထပ်ကို ဆွဲခေါ်လာခဲ့လိုက်တယ်။ လမ်းလျှောက်နေရင်းဖြင့်..

“ကျွင်းနင်အိပ်ပျော်နေပြီ.. သွားရှုပ်ရဲရင် ခေါင်းဆောင်က မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး.. ငါလည်းခွင့်မလွှတ်ဘူး.. အောက်ထပ်မှာပဲနေ.. ခနနေရင် ညစာစားကြမယ်..!”

ချီခယ့်က ဘာမှပြန်မဖြေပဲ ဆုရှုဆွဲခေါ်ရာနောက်ကို လိုက်လာခဲ့တယ်။

အောက်ထပ်မှာရှိနေသမျှလူတိုင်းကလည်း နဉ်မုန့်ကိုပွေ့ချီပြီး အပေါ်ထပ်ကိုတက်သွားတဲ့ ချီယွိကို ဝိုင်းကြည့်နေကြလေ​တယ်။ တစ်ယောက်မှစကားမပြောရဲပေမယ့် မသိမသာ မျက်စပစ်လိုက်ကြတယ်။ ထုတ်မပြောပေမယ့် လူတိုင်းရဲ့အတွေးတွေက ထပ်တူညီနေရောပဲ။

‘မဟုတ်သေးဘူး.. ဟေ့ကောင်ရေ.. ငါတို့ခေါင်းဆောင်က အေးစက်စက်နိုင်ပေမယ့် ဒီလိုကိစ္စမျိုးမှာတောင် ကြမ်းတမ်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကောင်မလေးကိုကြည့်ပါဦး.. အနိုင်ကျင့်ခံရလို့ ဖြူဖျော့နေပြီ..’

ချီယွိပြန်ဆင်းလာတဲ့အချိန် အကုန်လုံးက ညစာစားနေကြချေပြီ။

နောက်တစ်နေ့မနက်မှာတော့ လူတိုင်းစောစောထပြီး မနက်စာစားကာ ခရီးဆက်လိုက်ကြတယ်။ နဉ်မုန့်လေးကလည်း ချီယွိကို စိတ်မဆိုးတော့ဘူး။ ထို့အပြင် ချီယွိအနားမှာ လိမ်လိမ်မာမာနဲ့ထိုင်ပြီး အရင်လို့ System ကောင်းလေး ပြန်ဖြစ်နေပြန်ရော။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now