3.49

794 103 2
                                    

Unicode

ဒီတစ်ခေါက်တိုက်ပွဲက သိပ်မကြာခဲ့ဘူး။ သန္ဓေပြောင်းဇွန်ဘီတွေက အရပ်ရှည်ပြီး စွမ်းရည်နိုးထလာပြီဆိုပေမယ့် တိုက်ခိုက်ပုံတွေကို နားမလည်ကြဘူး။ အဲ့တာကြောင့် ချီယွိနဲ့ဆုရှုက သူတို့ရဲ့အားနည်းချက်တွေကို အလျင်အမြန်ရှာတွေ့သွားပြီး အဆုံးသတ်နိုင်ခဲ့တယ်။

သန္ဓေပြောင်းဇွန်ဘီတွေကို သတ်ဖြတ်ပြီးတော့ သူတို့ရဲ့ဦးခေါင်းထဲက အမြုတေတွေကို ထုတ်ယူလိုက်ကြတယ်။ ထို့နောက် မီးစွမ်းအားရှင်တွေက ဇွန်ဘီအလောင်းတွေကို မီးရှို့ပစ်လိုက်တယ်။

ထိုအချိန်မှာ မိုးလင်းလုဆဲဆဲ မနက် ၄ နာရီ ဖြစ်နေခဲ့ချေပြီ။ သူတို့တွေလည်း အိပ်ငိုက်နေဖို့ အချိန်မရှိတော့ဘူး။ ဆုရှုက မီးအလင်းရောင်အောက် ဇွန်ဘီရဲ့အမြုတေကို မြှောက်ကြည့်လိုက်ပြီး ချီယွိကိုပြောလိုက်တယ်။

“ခေါင်းဆောင်.. သန္ဓေပြောင်းဇွန်ဘီတွေ ရုတ်တရက်ရောက်လာတာ ထူးဆန်းတယ်နော်.. တစ်ယောက်ယောက်ကိုလွှတ်ပြီး စုံစမ်းခိုင်းလိုက်ရမလား..?”

“မလိုဘူး..”

ချီယွိက တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။

တခြားလူတွေလိုပဲ ချီယွိလည်း မီးလောင်နေတဲ့အလောင်းတွေကို စိုက်ကြည့်နေရင်း သူ့ရဲ့ရွက်ဖျင်တဲဆီကို ပြန်သွားဖို့လုပ်လိုက်တယ်။ ရွက်ဖျင်တဲထဲမှာတော့ နဉ်မုန့်က အိပ်ရာခင်းကိုကိုင်ပြီး အိပ်ချင်မူးတူးရုပ်လေးနဲ့ ထိုင်နေလေရဲ့။

တစ်ယောက်ယောက်ဝင်လာတာကို သတိထားမိလိုက်တော့ နဉ်မုန့်က ခေါင်းမော့ကြည့်လိုက်ပြီး ချီယွိကိုမြင်တော့မှ ကပျာကယာထရပ်လိုက်တယ်။ သူမရဲ့အိပ်ချင်မူးတူးမျက်ဝန်းတွေက ပြူးကျယ်သွားခဲ့ချေပြီ။

ချီယွိက နဉ်မုန့်အနားကို လျှောက်သွားလိုက်ပြီး..

“အိပ်ငိုက်နေတာလား..? ခနလောက်ပြန်အိပ်မလား..?”

“နည်းနည်းပါ.. ဇွန်ဘီတွေအကုန်လုံးကို သတ်ပြီးပြီလား..?”

နဉ်မုန့်က ပြန်မေးလိုက်တော့ ချီယွိက အိပ်ယာပေါ်မှာထိုင်ချလိုက်ပြီး နဉ်မုန့်ကိုဖက်ကာ သူ့ရဲ့ပေါင်ပေါ်ထိုင်ခိုင်းလိုက်တယ်။ ထို့နောက် နဉ်မုန့်ရဲ့နောက်ကျောကို ခပ်ဖွဖွရိုက်လိုက်ပြီး ကလေးတစ်ယောက်ကို ချော့မော့နေသည့်အသံမျိုးဖြင့်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now