3.50

864 103 8
                                    

Unicode

စိတ်မကောင်းစရာပဲ။ Google က ဆင်ဆာအခန်းတွေ ဖြတ်ချသွားခဲ့ပါတယ်.. T ~ T

.................

နောက်တစ်ရက်မှာလည်း ဇွန်ဘီအုပ်ကြီးနဲ့ ထပ်မံကြုံတွေ့ရပြန်တယ်။

ဇွန်ဘီတွေက သူတို့နဲ့မနီးမဝေးမှာ ပေါ်ထွက်လာခဲ့ပြီး ဦးတည်ရာမဲ့ လျှောက်သွားနေကြပေမယ့် လူသားအနံ့ကိုရသွားတော့ အသားနံ့ရသွားတဲ့ခွေးတွေလို ပြေးလာကြတော့တယ်။ အထူးသဖြင့် သန္ဓေပြောင်းဇွန်ဘီတွေပဲ။ မျက်စိတစ်မှိတ်အတွင်း မီတာတစ်ရာကျော် ပြေးလွှားလာကြပြီး ကားခေါင်မိုးပေါ်ကို ခုန်တက်လာကြတော့တယ်။

သူတို့ရဲ့လက်တွေနဲ့ ကားခေါင်မိုးတွေကို ကုတ်ခြစ်ပြီး လူသားအနံ့တွေကို ခွေးတွေလို အနံ့ခံနေကြတော့တယ်။

“အပြင်ထွက်ပြီး တိုက်ကြ..!”

ဆုရှုက မီးစွမ်းရည်ထုတ်လိုက်ပြီး လူတိုင်းကို အော်ပြောလိုက်တယ်။ တပ်ဖွဲ့ဝင်တွေလည်း ဆုရှုရဲ့အမိန့်အတိုင်း တိုက်ခိုက်ဖို့ပြင်လိုက်ကြတယ်။ ဇွန်ဘီတွေက အများကြီးပဲ။ သူတို့ကိုမရှင်းနိုင်ရင် ဒီနေရာကနေ ထွက်သွားလို့ရမှာမဟုတ်ဘူး။

ကားတံခါးတွေက ပွင့်ဟလာခဲ့ပြီး တပ်ဖွဲ့ဝင်တွေက တညီတညာတည်း ကားပေါ်မှဆင်းသွားကြလေ၏။ ထို့နောက် ဇွန်ဘီတွေနဲ့ တိုက်ခိုက်ကြတော့တယ်။

“Host.. ဒါကိုယူထားလိုက်..”

နဉ်မုန့်က Space ထဲကနေ ဓားနှစ်ချောင်းထုတ်ပြီး ချီယွိဆီကို တစ်ချောင်းပစ်ပေးလိုက်တယ်။ ထို့နောက် ချီယွိလည်း ကားပေါ်မှဆင်းသွားလိုက်ပြီး ဇွန်ဘီတွေကို စတင်သတ်ဖြတ်တော့တယ်။ သူ့ရဲ့အစွမ်းကို ဘယ်သူမှမယှဉ်နိုင်ခဲ့ဘူး။ ချီယွိက သန္ဓေပြောင်းဇွန်ဘီတွေကြားကို သွားလိုက်ပြီး ခရမ်းရောင်မိုးကြိုးတွေကို ဆင့်ခေါ်လိုက်တယ်။

များပြားလှတဲ့မိုးကြိုးသွားတွေအောက် ဇွန်ဘီတွေလည်း မလွတ်မြောက်နိုင်တော့ဘူး။ တချို့ဇွန်ဘီတွေက လဲကျသေဆုံးကုန်ပေမယ့် တချို့ကတော့ ချီယွိရဲ့မိုးကြိုးတွေကြောင့် တောင့်ခံနေဆဲ။ ချီယွိလည်း နဉ်မုန့်ပေးခဲ့တဲ့ဓားကို ဝှေ့ရမ်းလိုက်ပြီး ဇွန်ဘီတွေရဲ့ခေါင်းကို ရွံ့ခဲတွေလို ခုတ်ဖြတ်ပစ်လိုက်တော့တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now