3.21

1K 136 16
                                    

Unicode

ချီယွိက နဉ်မုန့်ကို တောနက်ပိုင်းထိရောက်အောင် ဆွဲခေါ်သွားလိုက်တယ်.. တစ်နေရာရောက်တော့ ချီယွိက ရုတ်တရက်ရပ်တန့်သွားပြန်တယ်.. ဘာမှမတုံ့ပြန်လာတဲ့နဉ်မုန့်ကို ဆွဲခေါ်လိုက်ပြီး အနည်းငယ် ရှေ့ဆက်လျှောက်လိုက်တယ်..

သူတို့နှစ်ယောက် သစ်ပင်ကြီးတစ်ပင်အောက်ရောက်တော့ မိုးချုပ်သွားခဲ့ချေပြီ.. တောက်ပတဲ့လရောင်က သစ်ရွက်ကြားကနေ ဖြာကျလာနေလေရဲ့..

နဉ်မုန့်လေးက ချီယွိကို မော့ကြည့်လိုက်တယ်.. သူမခမျာလည်း Host ရဲ့ ခန့်ညားတဲ့မျက်နှာပေါ်က မည်းမှောင်နေတဲ့အကြည့်ကို ရပ်ကြည့်ရုံပဲ တတ်နိုင်တော့တယ်.. ဒါပေမဲ့ ချီယွိရဲ့မျက်နှာကိုကြည့်ရင်း နဉ်မုန့်တစ်ယောက် အနည်းငယ်ပျာယာခတ်နေခဲ့တယ်..

ချီယွိက အေးစက်စက်မျက်နှာထားနဲ့ နဉ်မုန့်ကို သစ်ပင်မှာဖိကပ်လိုက်တယ်.. သူမရဲ့လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမရဲ့မေးစေ့ကို ဆွဲမော့ပစ်လိုက်တယ်...

ကိုယ့်မျက်နှာကိုကြည့်..!!!

ချီယွိက စိတ်တိုနေတာဆိုတော့ သူ့ရဲ့အားကိုမထိန်းနိုင်လိုက်ဘူး။ နဉ်မုန့်ခမျာ နာကျင်လွန်းလို့ ငိုကြွေးမိတော့မလိုပဲ.. ဒါပေမဲ့ လက်ရှိအချိန် ချီယွိရဲ့စိတ်ထဲမှာ သနားညှာတာမှုကင်းမဲ့နေခဲ့တယ်...

“အစ်ကိုဆုရှု..? ဟမ်..!!? ကိုယ်မရှိတဲ့အချိန် မင်းက သူနဲ့စကားကောင်းနေတယ်ပေါ့..?”

ချီယွိက ပြောလိုက်တယ်.. ပတ်ဝန်းကျင်ရဲ့လေထုကတော့ အချဉ်ဓာတ်တွေနဲ့ ပြည့်နှက်နေချေပြီ..

ဒါပေမဲ့ နဉ်မုန့်ကတော့ ဘာမှမသိရှာဘူး.. သူမ,သိတာက ချီယွိ သူမရဲ့မေးစေ့ကို နာကျင်အောင်လုပ်နေတယ်ဆိုတာပဲ.. ဒေါသထွက်နေတဲ့ Host က အရမ်းကြောက်ဖို့ကောင်းတယ်..

နဉ်မုန့်ခမျာ ဘာပြန်ဖြေရမှန်းမသိတော့ဘူး.. ချီယွိရဲ့စကားတွေကိုနားထောင်လိုက်ပေမယ့်  ဘာလို့ဒေါသထွက်သွားမှန်း နားမလည်နိုင်သေးဘူး..

ချီယွိကလည်း နဉ်မုန့်ရဲ့အဖြေကို လိုချင်ပုံမပေါ်ဘူး.. နဉ်မုန့်ရဲ့မေးစေ့ကို ဖျစ်ညှစ်လိုက်တာကြောင့် သူမရဲ့နူးညံ့အိစက်နေတဲ့ပါးပြင်ကို ပွတ်သပ်မိသလိုဖြစ်သွားခဲ့တယ်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now