3.13

1.1K 118 8
                                    

Unicode

နှစ်ယောက်သားလှုပ်လိုက်တိုင်း ညနေကချီယွိလုပ်ခဲ့တဲ့ သူမရဲ့ပေါင်းအတွင်းသားဒဏ်ရာကို သွားထိမိနေတော့ နဉ်မုန့်ခမျာ နာကျင်မှုကြောင့် သက်ပြင်းရှိုက်လိုက်မိတယ်.. ပြီးတော့ ညနေကဖြစ်ရပ်ကိုလည်း ပြန်တွေးမိသွားခဲ့တယ်..

သူမရဲ့ခန္ဓာကိုယ်လေးကိုလှုပ်လိုက်ပြီး သူမကိုပွေ့ဖက်ထားတဲ့ ချီယွိရဲ့လက်တွေကို ဖယ်ပစ်လိုက်တယ်.. မှိန်ဖျော့ဖျော့အလင်းအောက်မှာ သနားစဖွယ်မျက်ဝန်းမျိုးနဲ့ မော့ကြည့်လိုက်ပြီး..

“Host.. ပေါင်နာတယ်..” သဘောက အဲ့လိုလုပ်ရပ်မျိုး ထပ်မလုပ်ဖို့ပေါ့.. သူမလေးရဲ့အသံက နူးညံ့ဖျော့တော့နေပြီး အပြစ်ကင်းစင်နေရော..

ချီယွိလည်း အဲ့ကိစ္စကိုသတိမရလိုက်ဘူး.. ဒါပေမဲ့ သူမရဲ့စကားကို ကြားလိုက်တာတော့ ရုတ်တရက် မီးတောက်သွားသလိုပဲ.. ချီယွိရဲ့အမူအယာက မှောင်မိုက်သွားပြီး သူမရဲ့မေးလေးကို အသာဆွဲညှစ်လိုက်တယ်.. ခေါင်းကိုမော့၊ အကြည့်ချင်းစုံစေလိုက်ပြီး..

“မုန့်မုန့် လူဆိုးမလေး.. တမင်လုပ်နေတာလား..?”

ချီယွိက သူမရဲ့ခန္ဓကိုယ်လေးကို ပွတ်သပ်လိုက်ပြီး စကားလုံးတွေနဲ့ ဖြားယောင်းလိုက်တယ်..

“မဟုတ်.. မဟုတ်ပါဘူး..”

နဉ်မုန့်လေးခမျာ ချီယွိရဲ့ မှောင်မိုက်နေတဲ့မျက်ဝန်းတွေကိုကြည့်ရင်း ငိုချတော့မလိုပဲ.. သူမရဲ့ပေါင်အတွင်းသားတွေက အခုအချိန်ထိ ပူလောင်ပြီးနာကျင်နေတုန်းပါနော်..

နဉ်မုန့်ရဲ့ခန္ဓာကိုယ်လေးက အနည်းငယ်တုန်ယင်လာခဲ့တယ်.. ချီယွိလည်း နဉ်မုန့်က သူ့ရဲ့စကားကို တကယ်ထင်သွားမယ်လို့ မထင်ခဲ့ဘူးလေ.. ခနကြာတော့ ချီယွိက သူမရဲ့မေးစေ့ကိုလွှတ်ပေးလိုက်ပြီး ရင်ခွင်ထဲပြန်ထွေးပွေ့ထားလိုက်တယ်..

ဒါပေမဲ့ ဒီတစ်ခေါက်ကချီယွိရဲ့ပုံစံက နဉ်မုန့်ကို ပိုပြီးသက်သောင့်သက်သာ ဖြစ်စေခဲ့တယ်..

“မြန်မြန်.. အိပ်တော့..” ပါးစပ်ကပြောနေရင်း နဉ်မုန့်ရဲ့နောက်ကျောလေးကို ခပ်ဖွဖွပုတ်ပေးနေခဲ့တယ်...

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now