3.41

904 125 3
                                    

Unicode

Host ရဲ့အနမ်းခံရလို့ ပထမဆုံးအော်ငိုတဲ့ System ကို ပြောပြပါဆိုရင် အဲ့တာ နဉ်မုန့်ပဲ။ ချီယွိကတော့ System ကိုနမ်းပြီး ငိုအောင်လုပ်ခဲ့တဲ့ ပထမဆုံး Host ပေါ့။

မျက်ရည်စီးကြောင်းနှစ်ခုက နဉ်မုန့်ရဲ့မျက်ဝန်းထောင့်ကနေ အဆက်မပြတ်စီးကျနေလေရဲ့။ နဉ်မုန့်တစ်ယောက် ဝမ်းနည်းတကြီး ငိုကြွေးနေတော့တယ်။

ချီယွိလည်း သူမလေးကို ချော့မော့ရတော့တာပေါ့။ သူမရဲ့ပါးပြင်ပေါ်ကမျက်ရည်စတွေကို အသာအယာသုတ်ပေးလိုက်ပြီး အငိုတိတ်ဖို့ ချော့ပြောကြည့်လိုက်တယ်။ ဒါပေမဲ့ နဉ်မုန့်က ပိုပြီးအော်ငိုပါလေရော။

ချီယွိလည်း မတတ်သာတော့ပဲ သူမလေးကို သူ့ရဲ့ရင်ခွင်ထဲထွေးပွေ့ထားလိုက်ပြီး သူမရဲ့ကျောပြင်ကို ကလေးလေးတစ်ယောက်လို အသာအယာပုတ်ပေးလိုက်တယ်။ အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ရင်ဘတ်ပေါ်မှာ ရေကွက်ကြီးတစ်ခု ဖြစ်လာခဲ့တော့တယ်။

ထိုအချိန်မှာ ဆုရှုနဲ့အဖွဲ့ဝင်တွေကလည်း တစ်ညတည်းခိုနိုင်ရန်အတွက် လုံခြုံတဲ့နေရာတစ်ခု လိုက်ရှာနေခဲ့ကြတယ်။

ဇွန်ဘီတွေနဲ့တိုက်ခိုက်ပြီးနောက်မှာ ဇွန်ဘီအသေကောင်တွေက နေရာအနှံ့ပြန့်ကျဲနေရောပဲ။ ဆုရှုနဲ့တပ်သားတွေက ဇွန်ဘီတွေကိုမကြောက်ပေမယ့် အပုပ်နံ့တွေလှိုင်လှိုင်ထွက်နေတဲ့ ဇွန်ဘီတွေကိုမြင်နေရတာ မနှစ်မြို့ဘူးလေ။ လေတိုက်လိုက်တိုင်း အပုပ်နံ့တွေကြောင့် အန်ထွက်လုမတတ်ပဲ။

အဲ့တာကြောင့် ဆုရှုနဲ့တပ်သားတွေလည်း ဇွန်ဘီအသေကောင်တွေနဲ့ ခပ်ဝေးဝေးမှာရှိနေတဲ့ ဟိုတယ်သေးသေးလေးတစ်ခုကို ရွေးချယ်လိုက်ကြတယ်။ ကမ္ဘာပျက်ပြီးကတည်းက ပစ်ထားခဲ့တာဆိုတော့ ဟိုတယ်လေးထဲမှာ ပစ္စည်းတွေရှုပ်ပွနေတာပေါ့။ ဒါပေမဲ့ သွေးတွေ၊ အညစ်အကြေးတွေ၊ ဇွန်ဘီတွေတော့ မရှိဘူး။

ဆုရှုနဲ့တပ်ဖွဲ့ဝင်တွေလည်း အဖွဲ့သုံးဖွဲ့ခွဲလိုက်ကြတယ်။ ပထမတစ်ဖွဲ့က ညစာပြင်ဖို့၊ ဒုတိယတစ်ဖွဲ့က အနီးပတ်ဝန်းကျင်မှာ ကင်းလှည့်ဖို့နဲ့ နောက်ဆုံးတစ်ဖွဲ့ကတော့ တစ်ညတည်းခိုနိုင်ဖို့ အခန်းသန့်ရှင်းရေးလုပ်ဖို့ပေါ့။ ဒါပေမဲ့ ညစာချက်တဲ့လူကချက်ပြီး ကင်းလှည့်တဲ့လူတွေ ပြန်ရောက်လာသည့်တိုင်အောင် ကျွင်းလင်းမော့နဲ ကျွင်းနင်က ပြန်မရောက်လာခဲ့သေးဘူး။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now