3.11

1.1K 129 1
                                    

Unicode

တိတ်ဆိတ်နေသည့် ညအမှောင်ဝယ်…

ချီယွိတစ်ယောက် အိပ်ယာပေါ်ကနေ ထထိုင်လိုက်တယ်.. ကွင်းထိုးဖိနပ်စီးလိုက်ပြီး အခန်းပြင်ထွက်ဖို့ ပြင်လိုက်ပေမယ့် တစ်စုံတစ်ရာကိုတွေးမိသွားတော့ အခန်းထဲပြန်ဝင်လိုက်ပြီး အိပ်ယာပေါ်ကခေါင်းအုံးကို ယူလိုက်ပြန်တယ်.. ပြီးတော့မှ တံခါးဖွင့်ပြီး အပြင်ထွက်သွားခဲ့တယ်…

နဉ်မုန့်နဲ့ချီယွိတို့ရဲ့အခန်းတွေက ဘေးချင်းကပ်ရပ်ပဲ..

ချီယွိလည်း နဉ်မုန့်ရဲ့အခန်းရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး အိမ်တော်ထိန်းဆီကယူလာခဲ့တဲ့သော့နဲ့ အခန်းတံခါးကို အသာအယာလှည့်ဖွင့်လိုက်တယ်..

နဉ်မုန့်ကတော့ အိပ်မပျော်နိုင်ဖြစ်နေခဲ့ရတဲ့ချီယွိနဲ့ တခြားစီပဲ.. သူမရဲ့တစ်ယောက်အိပ်မွေ့ယာထက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေရဲ့…

ပြတင်းပေါက်လိုက်ကာတွေအကုန်ချထားပြီး မီးကလည်းပိတ်ထားပြန်တော့ အခန်းထဲမှာရှိတဲ့ပစ္စည်းတွေကို ဝေဝေဝါးဝါးပဲ.. ချီယွိက နဉ်မုန့်ရဲ့အိပ်ယာနားကို စမ်းတဝါးဝါးနဲ့ လျှောက်သွားလိုက်တယ်.. ထို့နောက် ခုတင်နံဘေးရှိ စားပွဲပေါ်ကမီးအိမ်ကို လက်နဲ့စမ်းဖွင့်လိုက်တယ်..

မှိန်ဖျော့ဖျော့မီးအလင်းရောင်အောက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့နဉ်မုန့်ကို ချီယွိ,မြင်လိုက်ရချေပြီ..

ပထမကမ္ဘာနဲ့ ဒုတိယကမ္ဘာတုန်းက အိမ်မွေးအကောင်သေးသေးလေးတွေ ဖြစ်ခဲ့လို့များလား..? အခုလူသားဘဝရောက်လာတာတောင် သူမအိပ်စက်နေတဲ့ပုံစံလေးက မပြောင်းလဲသေးဘူး… အိပ်ယာပေါ်မှာ ခြေကားယား၊ လက်ကားယားနဲ့ စောင်ပါးလေးကိုလည်း ခုတင်အောက်ရောက်အောင် ကန်ချထားလေရဲ့.. သူမအိပ်စက်နေတဲ့ပုံစံက တကယ်ဆိုးဝါးလွန်းတယ်..

ကြောင်လေးဖြစ်တုန်းက မှောက်ခုံကားယားလေးအိပ်တာ သိပ်မထူးဆန်းပေမယ့် အခုလိုလူသားခန္ဓာကိုယ်နဲ့ အရင်ပုံစံအတိုင်းအိပ်နေတာကိုမြင်ရတာတော့ တော်တော်လေးရူးလောက်စရာပဲ..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now