3.37

873 120 2
                                    

Unicode

နဉ်မုန့်က ချီခယ့်ကို မတော်တဆ ကူညီမိခဲ့ခြင်းသာ။

နုဥ်မုန့်က မနက်စာစားနေရင်း အရေးပေါ်ကိစ္စကြောင့် အိမ်သာကိုအပြေးသွားခဲ့တယ်။ ထိုအချိန်မှာ ထုရိုက်သံတစ်ခုကိုကြားလိုက်လို့ အသံနောက်လိုက်သွားရင်း အခန်းကျဉ်းလေးတစ်ခုထဲမှာ အပိတ်ခံထားရတဲ့ ချီခယ့်ကိုတွေ့လိုက်ရခြင်းပင်။

ချီခယ့်ရဲ့ပုံစံက အရမ်းသနားစရာကောင်းနေတာကြောင့် နဉ်မုန့်လည်း ကောင်လေးကို ကယ်တင်နိုင်ဖို့ကြိုးစားကြည့်ခဲ့တယ်။ နောက်ဆုံး သူမရဲ့Space ထဲကိုထည့်လိုက်တော့မှ အောင်မြင်သွားခဲ့ရတယ်။ ဒါပေမဲ့ ချီခယ့်ကို စိတ်ထဲမထားခဲ့ဘူး။ ကယ်တင်ခဲ့ပြီးရင် ပြီးပြီပေါ့..

အခုတော့ သူမရဲ့အသက်ကို ကယ်တင်ပေးခဲ့တာကြောင့် နဉ်မုန့်လေးက ချီခယ့်ကိုကျေးဇူးတင်သွားပြီး မေးခွန်းတွေ တရစပ်မေးမြန်းနေတော့တယ်။ ဆုရှုနဲ့တခြားလူတွေမေးတာကို လုံးဝပြန်မဖြေခဲ့တဲ့ချီခယ့်ကလည်း နဉ်မုန့်မေးသမျှကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးနေလေရဲ့။

ဒါပေမဲ့ ချီခယ့်ရဲ့မျက်ဝန်းတွေက တကယ်မမြင်ရဘူးဆိုတာ နောက်မှသိလိုက်ကြရတယ်။ သူ့ရဲ့ထက်မြက်လွန်းတဲ့စိတ်အာရုံကြောင့် အရာအားလုံးကို ခံစားသိရှိနေရခြင်းသာ။ ချီခယ့်ရဲ့စွမ်းရည်နဲ့ပက်သက်ပြီးတော့လည်း သူကိုယ်တိုင်တောင် သိပုံမပေါ်ဘူး။

အဖြူရောင်အလင်းတန်းက ရန်သူတွေကိုသတ်ဖြတ်နိုင်သလို အပင်နဲ့တိရစ္ဆာန်တွေကိုလည်း ပြန်လည်ရှင်သန်လာစေတယ်။ အရမ်းကြောက်ဖို့ကောင်းလောက်အောင် စွမ်းအားကောင်းလွန်းနေတော့ ဟုန်ရင်ရဲ့ရွာက အစာရေစာမပြတ်လပ်တာ မထူးဆန်းတော့ဘူး။ ဒီလိုစွမ်းအားမျိုးကိုသာ ပိုင်ဆိုင်ထားရရင် ကမ္ဘာပျက်ကပ်မှာ ဘယ်အရာကိုမှကြောက်စရာမလိုတော့ဘူးလေ။

ဒါပေမဲ့ ကောင်လေးရဲ့ခန္ဓာကိုယ်က အားနည်းလွန်းနေပြန်တယ်။ မဟုတ်ရင် အခန်းကျဉ်းလေးထဲမှာ ဟုန်ရင်တို့ရဲ့ပိတ်လှောင်ထားခြင်းကို ခံရမှာမဟုတ်ဘူး။ ဘာလို့အားနည်းနေလဲဆိုတာကိုတော့ နဉ်မုန့်လည်း မမေးတော့ဘူး။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now