3.27

902 113 4
                                    

Unicode

အတော်ကြာတော့ ဆုရှုရဲ့တံဆိပ်ပြားကိုယူသွားတဲ့လူက ရွာထဲကနေပြန်ထွက်လာခဲ့တယ်။ တချိန်တည်းမှာပဲ အနီဂါဝန်ကိုဝတ်ဆင်ထားတဲ့မိန်းမတစ်ယောက်က သူ့ရဲ့အနောက်ကနေလိုက်ပါလာခဲ့တယ်။

အသက်သုံးဆယ်ဝန်းကျင်ခန့်ရှိမယ့် ထိုအမျိုးသမီးက အနည်းငယ်ဝဖိုင့်ပေမယ့် ပေါ့ပါးသွက်လက်တယ်။ ချောမော​လှပပြီး ရင့်ကျက်သိမ်မွေ့ကာ အမျိုးသမီးသူရဲကောင်းတစ်ဦးကဲ့သို့ လူတိုင်းအပေါ် လွှမ်းမိုးနိုင်စွမ်းရှိနေသလိုပင်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သာမန်လူမဟုတ်မှန်း သိသာလွန်းနေတယ်။

ထိုအမျိုးသမီးထွက်ပေါ်လာတာနဲ့ ရွာသားတွေရဲ့အကြည့်တွေက ပြောင်းလဲသွားခဲ့တယ်။ ဆုရှုနဲ့တခြားလူတွေကို သံသယမျက်ဝန်းတွေနဲ့စိုက်ကြည့်နေကြပေမယ့် ထိုအမျိုးသမီးကိုတွေ့တော့ ရိုသေလေးစားရသည့်ဟန်အပြည့်။

အနီရောင်အမျိုးသမီးက ကားအနားကိုလျှောက်လာခဲ့ပြီး သူ့ရဲ့အကြည့်တွေက ဆုရှုအပေါ်မှာကျရောက်သွားခဲ့တယ်။ ထို့နောက် နူးညံ့သိမ်မွေ့သည့်အသံမျိုးဖြင့်..

“မင်းတို့က Floating Light Base ကနေလာခဲ့တာလို့ ပြောခဲ့တယ်နော်..?”

“ဒါပေါ့.. မိန်းမလှလေးရဲ့.. ကျွန်တော်တို့ဖြတ်သွားလို့ရပြီလား..?”

အမျိုးသမီးရဲ့ ကြင်နာခြင်းတွေပြည့်နှက်နေတဲ့အသံကြောင့် ဆုရှုရဲ့မျက်နှာမှာ အပြုံးတွေနဲ့ပြည့်နှက်သွားခဲ့တယ်။

“ရတာပေါ့.. ကျွန်မရဲ့နာမည်က ဟုန်ရင်ပါ.. ဒီနေရာရဲ့ခေါင်းဆောင်ပေါ့.. အစ်မဟုန်လို့ခေါ်လည်းရပါတယ်..”

ဟုန်ရင်က ပြန်ဖြေလိုက်ပြီး ဆုရှုရဲ့တံဆိပ်ပြားကိုကမ်းပေးလိုက်တယ်။ ဆုရှုလည်းလှမ်းယူလိုက်ပြီး တောက်ပသည့်အပြုံးများဖြင့်..

“ကျေးဇူးပါ.. အစ်မဟုန်..”

“အသေးအဖွဲ့ပါ.. ဒါပေမဲ့ မကြာခင်မိုးချုပ်တော့မယ်လေ.. မင်းတို့စိတ်ထဲမထားတတ်ရင် ကျွန်မတို့ရွာမှာ ဝင်နားလို့ရပါတယ်..”

ဟုန်ရင်လက်မြှောက်လိုက်တာနဲ့ တားဆီးထားတဲ့သစ်သားချွန်တွေက ဘေးတစ်ဖက်ဆီကိုရွှေ့သွားခဲ့တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now