3.45

773 109 2
                                    

Unicode

“ကျွတ်.. ကျွတ်.. မထင်ထားခဲ့ဘူး.. ခင်ဗျားတို့ Base က တော်တော်လေးသတင်းလုံတာပဲနော်.. ဇွန်ဘီဘုရင်ကို ဒီလောက်အကြာကြီးဖမ်းထားတာတောင် သတင်းလုံးဝမထွက်ဘူး.. အဲ့ကိစ္စကိုသာ ကြေညာခဲ့မယ်ဆိုရင် Star Base က ဒီနေ့လိုမျိုး အဆုံးသတ်ရမှာမဟုတ်ဘူး..”

လျှိုဟန့်က ပြောလိုက်တယ်။

ဘာပဲပြောပြော ဇွန်ဘီဘုရင်ကိစ္စပဲလေ။ Base တွေက တစ်ခုနဲ့တစ်ခု မတည့်ပေမယ့် ပူးပေါင်းသင့်ရင် ပူးပေါင်းရမှာပဲ။ လူသားတွေလုံခြုံရေးအတွက် ဇွန်ဘီဘုရင်ကို ပိတ်လှောင်ထားနိုင်ဖို့ အတူတူကြိုးစားသင့်တယ်။ ဒါပေမဲ့ အခုတော့ နောက်ကျသွားခဲ့ချေပြီ။

“ဇွန်ဘီဘုရင် သေသွားပြီဆိုတော့ ဆေးရည်ကြည်ကို ပိုပြီးကောင်းမွန်လာအောင် လုပ်လို့ရပါ့မလား..?”

ဒီတစ်ခေါက်တော့ အမြဲတမ်းခပ်တည်တည်နေတတ်တဲ့ ချီယွိက ဝင်မေးလိုက်တယ်။ Dr.ကျန်းက ပြန်မဖြေပဲ ချီယွိကို အံ့ဩတကြီး လှမ်းကြည့်လာခဲ့တယ်။

သူဝန်ခံပါတယ်။ ဒီကောင်လေးက ခေါင်းဆောင်ဆိုတဲ့ရာထူးနဲ့ တကယ့်ကိုထိုက်တန်တာပဲ။ ပြဿနာတစ်ခုကို သာမာန်လူတွေထက်ပိုပြီးထိုးထွင်းမြင်နိုင်တယ်။

Dr.ကျန်းက ပြန်ဖြေလိုက်တယ်။

“အရင်ဆေးရည်ကြည်တွေက ဇွန်ဘီဘုရင်ရဲ့အသွေးအသားကို လိုအပ်ပေမယ့် အသစ်ဖန်တီးထားတဲ့ ပြိုင်ဘက်ကင်းဆေးရည်ကြည်က မလိုအပ်တော့ဘူး..”

ဒီစကားကိုကြားလိုက်တော့ ချီယွိက ဘာမှမထူးခြားသလို တုံ့ပြန်လိုက်တယ်။ ထို့နောက် အကုန်လုံး တိတ်ဆိတ်သွားကြတော့တယ်။

အပြန်ခရီးက သူတို့လာတုန်းကထက် ပိုပြီးမြန်ဆန်နေခဲ့တယ်။ ဘာလို့လည်းဆိုတော့ သူတို့လာတုန်းက လမ်းမှာရှိနေတဲ့ဇွန်ဘီတွေကို ရှင်းလင်းပစ်ခဲ့လို့ပဲ။

တခြားစွမ်းအားရှင်အဖွဲ့တချို့နဲ့လည်း တွေ့ခဲ့ရသေးတယ်။ ဒါပေမဲ့ ချီယွိတို့အဖွဲ့ရဲ့ အရှိန်အဝါကိုခံစားမိလိုက်တော့ အလိုလိုရှောင်ကွင်းသွားကြတယ်။ ချီယွိတို့အဖွဲ့ကို လွယ်လွယ်ပြဿနာရှာလို့မရသလို ပြဿနာရှာရဲရင်လည်း သေလမ်းတစ်ခုပဲရှိတယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now