3.53

718 102 2
                                    

Unicode

ကျွင်းလင်းမော့ဆိုတာ ချီယွိရဲ့ဒီကမ္ဘာကနာမည်မှန်း ပြန်လည်အမှတ်ရဖို့ နဉ်မုန့်တစ်ယောက် အချိန်အတော်ယူလိုက်ရတယ်။ Dr.ကျန်းရဲ့ပစ်မှန်က သူမရဲ့ Host ဆိုတာသိသွားတော့ နဉ်မုန့်‌လေးက ပိုပြီးစိတ်ဆိုးလာခဲ့တော့တယ်။ Dr.ကျန်းကို မျက်လုံးပြူးကြည့်လိုက်ပြီး..

“ကျွန်မရဲ့အစ်ကိုက စွမ်းအားကြီးတယ်.. သူရောက်လာရင် ရှင့်မှာသေလမ်းပဲရှိတယ်..!”

Dr.ကျန်းက ပြုံးလိုက်ပြီး..

“ဘယ်သူပြောလဲ..? မိန်းကလေး မင်းရဲ့အစ်ကိုကို အရမ်းအထင်ကြီးလွန်းနေပြီ.. ကြည့်လေ.. မင်းလည်း စွမ်းအားကြီးပေမယ့် အဖမ်းခံခဲ့ရတာပဲမဟုတ်ဘူးလား..”

“မတူဘူး.. ရှင်နဲ့ပြိုင်မငြင်းတော့ဘူး.. ရှင်က အရှုပ်ထုပ်.. ကျွန်မရဲ့အစ်ကိုက ကျွန်မလိုအမှားမျိုး လုပ်မှာမဟုတ်ဘူး..”

ပြောနေရင်းနဲ့ နဉ်မုန့်ရဲ့အသံက သိမ်ဝင်သွားခဲ့တော့၏။ ချီယွိရဲ့စကားကိုနားထောင်ပြီး Dr.ကျန်းနဲ့ ခပ်ဝေးဝေးနေခဲ့ရင် အခုလိုမျိုး အဖမ်းခံရမှာမဟုတ်ဘူး။ သူမ အသုံးမကျတာ..!

နဉ်မုန့်က သူမရဲ့မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး Dr.ကျန်းကို မေးလိုက်တယ်။

“ကျွန်မရဲ့အစ်ကိုကို ဖမ်းပြီး ဘာလုပ်မလို့လဲ..?”

Dr.ကျန်းက နဉ်မုန့်ကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ ဒီကောင်မလေးက အခုလေးတင် ရန်တွေ့နေပြီး ထငိုတယ်။ ချက်ချင်း အငိုတိတ်သွားပြန်ပြီ။

တချို့ကိစ္စတွေက အပြင်လူကို ပြောလို့မရဘူး။ ဒါပေမဲ့ သူစီစဉ်ထားတဲ့ကိစ္စက တစ်ဝက်ကျော်လောက် ပြီးသွားပြီဆိုတော့ ဒီကောင်မလေးကို ပြောပြလိုက်လည်း ဘာပြဿနာမှ မရှိလောက်ပါဘူးလေ။

“ဇွန်ဘီဘုရင်ကို သိတယ်မလား..? ဇွန်ဘီဘုရင်က ဓာတ်ခွဲခန်းထဲမှာ သူ့ကိုယ်သူ ဖောက်ခွဲခဲ့တယ်ဆိုပေမယ့် သူ့ရဲ့သွေးတွေနဲ့အသားစတွေကို ကျုပ်သိမ်းဆည်းထားခဲ့တယ်.. သူ့ရဲ့အမြုတေကိုရောပေါ့..”

“ရှင်..”

နဉ်မုန့်ရဲ့ပါးစပ်က ပွင့်ဟသွားခဲ့ပြီး တစ်စုံတစ်ရာကို တွေးမိသွားခဲ့တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now