3.47

780 101 5
                                    

Unicode

ထွက်သွားသည့် Dr.ကျန်းရဲ့နောက်ကျောကိုကြည့်ပြီး ဆုရှုက နှာခေါင်းရှုံ့လိုက်တယ်။ ပြီးမှ နဉ်မုန့်ဘက်လှည့်လိုက်ပြီး..

"ကျွင်းနင်.. ခေါင်းဆောင်ပြန်လာပြီလေ.. သူ့ကိုတွေ့သေးလား..?"

"ဟမ်..?"

နဉ်မုန့်က မျက်လုံးလေးပြူးပြီး အူတူတူပုံစံလေးဖြင့် ပြန်ဖြေလိုက်တယ်။ ဒီနေရာမှာပဲ တချိန်လုံးထိုင်နေတာဆိုတော့ Host သွားတာကိုပဲ မြင်လိုက်ရပြီး ပြန်လာတာကို မတွေ့ရသေးဘူး။

"ဟိုဘက်ကနေ ခေါင်းဆောင်ပြန်လာတာကို တွေ့လိုက်သလားလို့လေ.. ဒဏ်ရာရလာတာထင်တယ်.."

ဆုရှုက နဉ်မုန့်ကိုပြောနေရင်း တစ်နေရာကို ညွှန်ပြလိုက်တယ်။

"အာ.. ကျေးဇူးပါ.. သွားကြည့်လိုက်ဦးမယ်နော်.."

နဉ်မုန့်လည် ကပျာကယာထလိုက်ပြီး ဆုရှုညွှန်ပြတဲ့နေရာကို အပြေးသွားလိုက်တယ်။ ထိုနေရာက ရွက်ဖျင်တဲတစ်ခုရဲ့ နောက်မှာကွယ်နေတော့ သူမ,မမြင်လိုက်တာ အံ့ဩစရာမရှိပါဘူး။ ဒါပေမဲ့ သွားနေရင်းနဲ့ တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရတယ်။

သူမက System ပဲလေ။ Host နဲ့ ချိတ်ဆက်ထားတာဆိုတော့ ချီယွိသာ ဒဏ်ရာရသွားခဲ့ရင် သူမ,အာရုံခံမိရမှာပေါ့။ နဉ်မုန့်လည်း လမ်းလျှောက်နေရင်း အရှိန်လျော့လိုက်ပြီး သူမ,ထွက်လာတဲ့နေရာကို လှည့်ကြည့်လိုက်တယ်။

ဆုရှုက ချီခယ့်ကို ထိုင်နေရာမှဆွဲထူလိုက်ပြီး နူးညံ့တဲ့မျက်ဝန်းတွေနဲ့ ငုံ့ကြည့်နေလေရဲ့။ ထို့နောက် သူ့လက်ထဲမှာပါလာတဲ့ဦးထုပ်ကို ချီခယ့်ရဲ့ခေါင်းပေါ်မှာ ဆောင်းပေးလိုက်တယ်။

နဉ်မုန့်ရဲ့မျက်ဝန်းထဲမှာ သံသယအရိပ်အယောင်တွေ ဖြတ်ပြေးသွားခဲ့ပေမယ့် ချီယွိဆီကိုပဲ ဆက်သွားလိုက်တော့တယ်။ တကယ်လည်း ချီယွိက ပြန်ရောက်နေခဲ့ပြီ။ ဒါပေမဲ့ ဒဏ်ရာတော့ မရခဲ့ဘူး။

နဉ်မုန့်လည်း ချီယွိကို ရွက်ဖျင်တဲထဲ ဆွဲသွင်းလိုက်ပြီး အနီးအနားမှာ လူမရှိတာသေချာသွားတော့မှ သူမနဲ့Dr.ကျန်းတို့ ပြောခဲ့တဲ့စကားတွေကို ပြန်ပြောပြလိုက်တယ်။ ပြောပြီးတာနဲ့ နဉ်မုန့်က ချီယွိကိုမော့ကြည့်လိုက်ပြီး..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now