အပိုင်း ၂၃အဆက်

4.1K 891 27
                                    

အပိုင်း ၂၃ အဆက်

အမဲအာလူး ခရမ်းချဉ်သီးနှပ်သည် လုပ်ရ အလွန် ကြာသည်။ ထို့ကြောင့် ပါ၀င်ပစ္စည်းများကို ဦးစွာ ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။ သူက အမဲသားတုံးကြီးကို ယူကာ ရေဖြင့် သန့်ရှင်းစွာ ဆေးကြောသည်။ ထို့နောက် ပွက်ပွက်ဆူနေသည့် ရေနွေးအိုးထဲ ထည့်သည်။ တခဏအကြာတွင် ရေကို လှယ်ကာ မီးကို မြင့်လိုက်သည်။

သူ ကြက်သွန်နီကို အတုံးကြီးများ လှီးသည်။ ခရမ်းချဉ်သီး၊ အာလူးနှင့် မုန်လာဥနီတို့ကို ပါးပါးလှီးသည်။   ဆေးကြောထားသော ဒယ်ပြားထဲသို့ ဆီနည်းနည်းနှင့် ကြက်သွန်နီတို့ထည့်ကာ ဆီသတ်သည်။ ကြက်သွန်ကြွတ်သွားမှသာ ခရမ်းချဉ်သီးကို ထ ည့်သည်။  သူက ခရမ်းချဉ်သီး ပျော်ကျပြီး အနီရောင် အရည်များဖြစ်လာသည်အထိ မွှေပေးနေလိုက်သည်။ ဒယ်ပြား အောက်ခြေတွင် အနီရောင်ရည်များ ကပ်နေသည်က ချော်ရည်အလား ထင်ရသည်။

  အချိန်သင့်တော်ပြီဟု ထင်သည့်အခါ အမဲသားတုံးများ ဆယ်ကာ ထည့်ပြီး ပဲငံပြာရည် အနေတော်နှင့် ဆားထည့်ကာ အရသာခတ်သည်။  အမဲသားက အနီရောင်သန်းလာသည့်အခါ ရေအနည်းငယ်၊ အာလူး၊ မုန်လာဥနီများနှင့် ကျန်နေသေးသည့်ခ ရမ်းချဉ်သီးတို့ကို ထည့်သည်။ ထို့နောက် အဖုံးအုပ်ထားလိုက်သည်။  မွှေးပျံ့သည့်ရနံ့နှင့် ပွက်ပွက်ဆူနေသည့် အသံတို့ကို ကြားရသည်။ အပူချိန်နိမ့်နိမ့်ဖြင့်ဆိုလျှင် နာရီ၀က်ဆိုလျှင် ကျက်ပေလိမ့်မည်။

နောက်ဟင်းပွဲကား ၀က်ချိုချဉ်ဖြစ်သည်။ ထိုဟင်းပွဲသည် မိနစ်အနည်းငယ်ဖြင့်ပင် ပြီးသည်။ သူ၏ အကြိုက်ဆုံးလည်း ဖြစ်၏။သူသာ ၀က်ချိုချဉ်နှင့် ထမင်းစားလျှင် ပန်းကန် နှစ်လုံးတော့ဖြင့် အနည်းဆုံးကုန်သည်။

သူက ၀က်မိုးခိုသားကို လှီးလိုက်သည်။ မိုးခိုသားအား အလွန်ပါးလျအောင် လှီးရန် မလိုအပ်ပေ။ အပူချိန်မြင့်သွားသည့်အခါ အရသာကို သက်ရောက်မှုရှိနိုင်သည်။

နောက်တစ်ဆင့်ကား ယွမ့်ထန်း ကြိမ်ဖန်များစွာ လုပ်နေကျ အဆင့်ဖြစ်သည်။ မိုးခိုသားကို ဂျင်းနှင့်ဆား၊ သကြား၊ ရှာလကာရည်စသည်တို့၏ အရည်ဖြင့် နယ်ရခြင်းဖြစ်သည်။ အရသာစိမ့်၀င်စေ၇န် မိန်စအနည်းငယ် ထားထားလိုက်သည်။ ထိုအဆင့်ကိုဆိုလျှင် ယွမ့်ထန်း မျက်လုံး မှိတ်လျက်ပင် လုပ်နိုင်လေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now