မိတ်ဆက် Uni & Zawgyi

14.4K 596 34
                                    

Unicode___
🥀✨ ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်✨🥀

၁၆နှစ်သာရှိသေးသော အထက်တန်းကျောင်းသားလေး 'ဝမ်ရိပေါ်' သည် ဝတ္ထုတစ်ပုဒ်ဖတ်ပြီး မတော်တဆတစ်ခုဖြစ်၍ထိုဝတ္ထုထဲရောက်ရှိသွားလေသော်....

ကံလေးကောင်းခြင်းတော့ ဧကရာဇ်ဖြစ်လာမယ့်ဇာတ်လိုက်ကို အသေအလဲမုန်းတီးနှိပ်စက်သောငတုံးအိမ်ရှေ့စံဘဝသို့ရောက်ရှိလေခဲ့သည်။
အိမ်ရှေ့စံသည် ဘုရင်ကြီးနဲ့မိဖုရားကြီးတို့ရဲ့သားတော်အိမ်ရှေ့စံသာဖြစ်ပြီး သူသာလျှင်ထီးနန်းဆက်ခံရမည်သာ။
သို့သော် သာမန်ကိုယ်လုပ်တော်မှမွေးသောဇာတ်လိုက်လေးကို အချိန်ပြည့်အထင်သေးနှိပ်စက်ခဲ့မိရာ ဇာတ်လိုက်အရောင်အဝါတောက်ပလာသောတစ်နေ့ ခေါင်းလေး​ဆက်သခဲ့ရပြီး ထီးနန်းပါဆုံးရှုံးခဲ့ရသည်။

ဇာတ်လိုက်ကတော့သူ့ထီးနန်းကိုရယူရင်း ခရိုင်တိုင်းကိုပါ တိုက်ယူနိုင်ခဲ့ပြီးနောက် ဧကရာဇ်တစ်ပါးဖြစ်သွားခဲ့သော်......ဧကရီနှင့်မောင်းမဆောင်ကြီးကိုပိုင်ဆိုင်အပြီး ဇာတ်ကကလှလှပပလေးသိမ်းသွားခဲ့တယ်။

No....!!
ခေါင်းပြုတ်မယ့်ဗီလိန်! ခေါင်းပြုတ်မယ့်ဗီလိန်!
ငါလေးလုံးဝမသေချင်ဘူး.......!

ဤသို့ဖြင့် ဘဝကူးပြောင်းသွားသော သနားစရာဝိဥာဥ်လေးသည် ဗီလိန်အကြီးစားဘဝဖြင့်မရှင်သန်ချင်ရာ ဇာတ်လိုက်အား 'တတ်နိုင်သမျှမျက်နှာချိုသွေးတော့မယ်'ဟု စိတ်ကိုဒုန်းဒုန်းချလိုက်ပါတော့သည်။

__________

*ဧကရာဇ်ရှောင်း၏ ကြင်ယာတော်ဝမ်* သည် 🆉🅷🅰🅽🆈🅸 ဖြစ်ပါတယ်လို့😶

😁 ဝူးဟူး........ဒါလေးရေးချင်တယ်လို့
ကြိုက်တယ်ဖတ်မယ်ဆို vote လေးမစသွားကြပါ😅
share ပေးရင်လည်းစိတ်မဆိုးပါဘူး😐

🅺🅰🆁 🆈🅰🅽 ❤💚

Zawgyi______





No....!!


__________



🅺🅰🆁 🆈🅰🅽 ❤💚

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now