17 ကံဇာတာအားတွက်ချက်ခြင်း

2.6K 313 62
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 17 💎ღ {ကံဇာတာအားတွက်ချက်ခြင်း}

တဖြည်းဖြည်းဖြင့် ပြိုင်ပွဲသည်အလွန်တရာစိတ်ဝင်စားဖွယ်ကောင်းလာခဲ့၏။
ဓားသိုင်းကျွမ်းကျင်မှုရှိတယ်လို့ကိုမကြားဖူးသော အလကားအိမ်ရှေ့စံနှင့် မင်းသားများထဲအတော်ဆုံးဟုပြောရမည့် မင်းသား၅ ဝမ်မင်တို့ ယှဥ်ပြိုင်နေကြသည်တဲ့လား။
မယုံကြည်နိုင်စရာမြင်ကွင်းနှင့် မယုံကြည်နိုင်စရာအဖြစ်အပျက်ကြောင့် လေ့ကျင့်ရေးကွင်းအကြီးအကဲမှစကာတပ်သားငယ်အဆုံး မျက်တောင်ပင်မခတ်ရဲပဲ စိတ်ဝင်တစားကြည့်နေကြ၏။

မင်းသား၅ ဝမ်မင်၏ဓားချက်များကို လှစ်ခနဲလှစ်ခနဲဂျွန်းထိုးလိုက်ခုံပျံလိုက်ဖြင့်ရှောင်သွားသော အိမ်ရှေ့စံငယ်မှာ အများသိသလို 'အလကားအိမ်ရှေ့စံ' မဟုတ်တော့သည့်နှယ်။
ထိုအချိန် လူတိုင်း၏ရင်ထဲထွက်အံကျလာသည့်စကားက 'အိမ်ရှေ့စံကပညာလျှိုထားတာပဲ' ဆိုတာသာ။
တကယ်ကိုဓားပင်မသုံးသေးပဲ ရှောင်လိုက်ကွေ့ပတ်တိုက်လိုက်ဖြင့် အိမ်ရှေ့စံမှာသွက်လက်လွန်းသည်။
တကယ်ကြီးဓားမသုံးသေးတာပင်။

ပါးစပ်အဟောင်းသားဖြင့်အံ့သြနေကြသည့်လူအများအလယ် အံ့သြဆုံးလူကိုပြပါဆိုလျှင် မင်းသားကျန့်ပဲဖြစ်လိမ့်မည်။
သူ့လက်မောင်းကဒဏ်ရာကိုတောင်မေ့သွားရပြီး ရှောင်ဝမ့်၏ပုံရိပ်လေးကိုငေးကြည့်နေမိသည်။
ပျော့ပျောင်းလှသောခါးသိမ်သိမ်လေးက ဓားချက်အားကော့ကာရှောင်လိုက်တာ အသည်းကျိန်းစရာကောင်းလောက်အောင်လှပသေသပ်လွန်းသည်။
ထိုမြင်ကွင်းကို အရင်တစ်ခါကမင်းသား၁ မင်းသား၂တိူ့နဲ့ တိုက်ခဲ့စဥ်အခါက မင်းသားကျန့်မြင်ဖူးသည်။
ထိုအချိန်ကမင်းသား၁၏ဓားချက်ကိုရှောင်ကာ ကော့ချစဥ်ကလည်း ရှောင်ဝမ့်ခါးသိမ်သိမ်လေးအကွက်မှာလှပလွန်းသောကြောင့် မင်းသား၂နှင့်တိုက်နေရမှပင် သူလည်ပြန်ငေးမိခဲ့သည်။

အခုလိုမျက်ဝါးထင်ထင်တွေ့ရသော်လည်း ရှောင်ဝမ်၏သာကွက်များကို အခြားလူတွေကအံ့သြအားကျသည့်မျက်လုံးပေါင်းစုံနှင့်ကြည့်လာကြသည်ကို အနည်းငယ်မနာလိုဖြစ်မိသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now