27 အိမ်ရှေ့စံ၏မွေးနေ့ပွဲ

2.8K 321 108
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 27 💎ღ { အိမ်ရှေ့စံ၏မွေးနေ့ပွဲ }

ဤကနေ့သည် ဝမ်ဘုရင်ကြီး၏ရင်နင့်သည်းချာသားတော်လေး ဝမ်အိမ်ရှေ့စံငယ်လေး၏မွေးနေ့ပင်ဖြစ်သည်။
ဘုရင်ကြီး၏စီမံမှုဖြင့်သုံးရက်အတွင်းမှာပဲ ခမ်းနားကြီးကျယ်သောမွေးနေ့ပွဲကြီးကို နန်းတော်ထဲကျင်းပနိုင်ခဲ့သည်။

မိဖုရားကြီးထိုနေ့ကိုအကြောင်းပြရင်း မင်းသမီးချင်ကိုပြစ်ဒဏ်လျော့ပေးဖို့ ဘုရင်ကြီးအားအသနားခံသောကြောင့် ထိုနေ့တစ်ရက်ကိုမင်းသမီးအား နန်းဆောင်ပြင်ထွက်ခွင့်ပြုလိုက်၏။
သူမနန်းဆောင်ပြင်လည်းထွက်ရော ယင်မင်းသမီးနဲ့ဟိုအိမ်ရှေ့စံရဲ့လက်ဆက်ပွဲအကြောင်းကြားလိုက်တော့ သူမ ပျော်သွားသည်။
အိမ်ရှေ့စံအမြန်ဆုံး ယင်မင်းသမီးနဲ့ယူလိုက်ရင်ပိုတောင်ကောင်းမည်ဟုသူမတွေးနေမိ၏။

အိမ်ရှေ့စံ၏မွေးနေ့ပွဲတွင် ယင်ဘုရင်ကြီးလည်းလာရောက်မှာဖြစ်ပြီး မင်္ဂလာကိစ္စတွေဆွေးနွေးမည်တဲ့။
လက်ထပ်ပွဲကိုအမြန်ဆုံးစီစဥ်ပေးပြီး မင်းသမီးကိုပါဒီမှာပဲထားခဲ့မည်တဲ့လေ။
ခမ်းဝင်ပစ္စည်းလက်ဖွဲ့တွေသောင်းနဲ့သိန်းမကချီကာယူပြီး အိမ်ရှေ့စံကိုလာတင်တောင်းတော့မည်ထင်ပါရဲ့။
ယင်မင်းသမီးကလည်း ဝမ်အိမ်ရှေ့စံလေးကို အတော်သွားရည်ကျနေတာဖြစ်သောကြောင့်ပင်။

မွေ့နေ့လေးရဲ့မနက်ခင်းလေးမှာပင် ဝမ်ရိပေါ်ကောင်းကောင်းမနိုးထခဲ့ရ။
ဒီခေတ်ကဘယ်လဘယ်ရက်တွေလဲလည်း သူမသိ၍အိမ်ရှေ့စံမွေးနေ့ကသူ့မွေးနေ့လိုပါပင်။
သူအိပ်ယာကနိုးလာတာနဲ့ ယင်မင်းသမီးကိုဘယ်လိုကန်ထုတ်ရမလဲပဲ စစဥ်းစားသည်။
ယင်ဘုရင်ကြီးရဲ့လက်ဖွဲ့ပစ္စည်းတွေက သမုဒ္ဒရာလောက်ပဲများနေပါစေ သူ မလိုချင်။
အဲဒီအစားမင်းသားကျန့်ရဲ့အချစ်ဆိုရင်တော့ အရူးတစ်ပိုင်းဖြင့်တောင် လက်ခံချင်ပါသေးသည်။

သူဒီသုံးရက်အတွင်း ကိုယ်ရံတော်သွမ့်နဲ့အတူ ဓားပြတွေကိုစစ်ဆေးမေးမြန်းမှုအပြီး ဓားပြငယ်တွေအား နယ်နှင်ဒဏ်ပေးလိုက်၍ ရှီးဝူးကိုတော့ အဆောင်တစ်ခုတွင်အကျယ်ချုပ်ထားထားသေး၏။
အဘယ့်ဆို ယင်မင်းသမီးနဲ့ကိစ္စမှာများအသုံးဝင်မလားဟု မမျှော်လင့်ချက်လေးဖြင့် ရှီးဝူးအားယင်မင်းသမီးရဲ့ကောင်းကြောင်းတွေသွားသွားပြောပြခဲ့သည်။
ဒါတောင် ဒင်းနလပိန်းတုံးကမကြွေကျသွားပဲ "အရှင့်သား သူမကိုနှစ်သက်သဘောကျတယ်ဆိုတော့ ဝမ်းသာမိပါတယ်" တဲ့။
ထိုကစ၍သူအောင်မသွယ်နိုင်တော့ပေ။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now