59 ငြင်းဆိုချက်နှင့် အကျယ်တဝံ့ရှင်းပြချက်

2.2K 315 40
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 59 💎ღ
{ငြင်းဆိုချက်နှင့်အကျယ်တဝံ့ရှင်းပြချက်}

ဟုတ်ပါသည်။

မေ့မြောနေသောသူ၏ဘယ်ဘက်ရင်အုံထက်က ကြောက်စရာကောင်းလောက်အောင်ထွင်းထားခဲ့သည့်စကားလုံးက 'ကျန့်'ပါပဲ။

ငိုနေသောအားရှင်းတိတ်သွားကာ သူ့မှာပြောစရာစကားတောင်မရှိတော့။
သူ့ကိုပါပါးဝမ်ပြောပြခဲ့သည့် ထိုနေ့ညကအကြောင်းအရာများအရ အထင်လွဲသွားသောပါပါးကျန့်က သူတစ်နေ့ပြန်လာမှမို့ ဖြေရှင်းချက်နဲ့သက်သေကိုပြင်ဆင်ထားရန် ပါပါးဝမ်အားမှာခဲ့သည်။
ဒါပေမယ့်အားရှင်းအတွေးလိုက်မမှီလောက်အောင် ပါပါးဝမ်ရဲ့သက်သေကဒီလိုအရာဖြစ်နေလိမ့်မယ်လို့ထင်မထားခဲ့။

အသားစများကိုသမားတော်စုန့်သေသပ်အောင်ပြုလုပ်ကုသပေးနေ၍ဒဏ်ရာတစ်ဝိုက်ကိုသေချာသန့်စင်ပေးသော်လည်း သွေးစို့နေဆဲထိုစာလုံးတစ်လုံးကတော့ အားလုံးကိုထပ်တူနာကျင်စေရသလို။
သူတို့ကိုယ်စားမဝင်ကြည့်ရင်တောင် ကိုယ့်ကိုယ်ကိုယ်ဓားနဲ့မွှန်းတာဘယ်လောက်နာကျင်ရမှန်းသိသည်။
ဆိုးတာကဒါကဓားတော်ဟုတ်မနေတဲ့အတွက် ဆွဲချက်များကနက်လွန်းကာပီသနေ၏။
ဆေးတောင်မလိုအောင် ကနုတ်မင်ကြောင်တစ်ခုခြယ်သလိုက်သည့်နှယ်။

ဘုရင်ကြီးမျက်လုံးများမှိတ်လိုက်မိပြီး သူ့ရင်ထဲလည်းစို့တက်လာရသလို မျက်ရိုးများကိုသာနှိပ်နယ်နေမိလေသည်။
သမားတော်စုန့်နှင့်ဆရာကြီးတို့ အစကတော့စနောက်ခဲ့တာသာရှိခဲ့ကြပေမယ့် ဒီကလေးတွေဒီလောက်အထိနက်ရှိုင်းတဲ့တွယ်တာမှုမျိုး ရှိနေတယ်လို့မထင်ခဲ့ကြရာ အခုမှပဲသိမြင်ရတော့သည်။

အူတူတူဘကြီးဝမ်နင်ပင် သူ့ညီတော်လေးကိုသနားစရာမျက်လုံးများနဲ့ကြည့်ကာ လေးစားမှုများတိမ်းညွတ်နေရသည်။
ဘာမှမသိသည့်သူ့အတွေးထဲတော့ သွေးသားရင်းချာတွေရဲ့ချစ်ခြင်းကိုလည်း အထင်မသေးရဲတော့။

လုံးဝကိုအံ့သြစွံ့အနေသည်က မင်းသား၃ ဝမ်ကျိုးချန်နှင့် ကိုယ်ရံတော်လျို့တို့သာ။
သူတို့နှစ်ဦးနားမလည်သည်များကို အကြည့်များဖြင့်သာအသံတိတ်ဆွေးနွေးမေးမြန်းနေကြသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now