76

2.1K 235 32
                                    

-͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 76 💎ღ

ညအချိန်မတော်သန်းခေါင်ယံချိန်ကြီးတွင် အနောက်ဘက်တောအုပ်စီမှ အော်ဟစ်သံများနှင့်စကားသံများထွက်ပေါ်နေသည်။

အမှောင်ထုအားဖြိုခွင်း၍ကြည့်လျှင် ​သစ်ပင်ခြုံပုတ်များကြားမှတွားသွားလာသော ပုပုသေးသေးအရိပ်တစ်နှင့် ခပ်ကြီးကြီးအရိပ်တစ်ခုကိုတွေ့ရလိမ့်မည်။
တဖြည်းဖြည်းအမှောင်ရိပ်ထဲမှလရောင်အောက်ရောက်သော် ထိုတွားသွားနေသောအရိပ်များကပီပြင်လာခဲ့၏။

လူနှစ်ယောက်ပင်ဖြစ်ချေပြီ။

တစ်ဦးမှအရင်ဆုံးတွားနေရာကရပ်တန့်ကာငြီးငြူလာ၏။

" ရှောင်လန် မင်းငါ့ကိုဘာလို့ဒီကိုခေါ်လာရတာလဲ အခြားနေရာမရှိလို့လားကွ အခုတော့ငါ့အရိုးတွေကျိုးပြီ.."

ဘေးနားကခပ်ကြီးကြီးအရိပ်ဆိုသည်ကရှောင်လန်။(ပါပါးတို့ရဲ့သား ဝံပုလွေလူသားလေး😁)
သူ့ကိုအခုပြောနေသူကတော့အခြားသူမဟုတ်။

ရှောင်လန်မတတ်သာစွာပြုံးပြရင်း ငြီးငြူနေသူအား ပြန်လည်ဖြေသိမ့်၏။

" ငါရဲ့စွမ်းအားအရင်းအမြစ်ကဒီနေရာမှာပဲထုတ်လွယ်လို့ပါ အားမန်.. ငါလည်းဘယ်တတ်နိုင်ပါ့မလဲ မင်းလူသားဖြစ်ဖို့ကဒီနည်းပဲရှိတာ "

အားမန်ခေါ် မန်ထိုကလည်းဆက်လက်ငြီးရင်းကိုယ့်ကိုယ်ကိုယ်ကြည့်ရင်းဖြင့်။ (တော်ဝင်ခွေးလေး)

" ငါပြန်သက်သာတာတော့ဟုတ်ပါပြီ လူတောင်ဖြစ်သွားသေးတာလည်း​ဂုဏ်ယူစရာပါ ဒါပေမယ့်ကွာ ဒီလောက်သေးကွေးနေစရာလိုလို့လား "

မန်ထိုကပြောရင်းမတ်တပ်ထရပ်လေသည်။
ခါးကမြတ်ခနဲနာသွား၍ နောက်ကလူရှည်ကြီးအား​မျက်စောင်းကြီးဖြင့်ကြည့်လိုက်၏။

ရှောင်လန်လည်းအားမန်ဘေးနားလာလိုက်ရပ်ရာ အရပ်ကွာဟွာမှုကမိုး​နဲ့မြေပမာဖြစ်သွားလေသည်။

" လူသားဖြစ်လာတာပဲကျေးဇူးတင် ဘာတွေဂျေးများနေတာလဲ အခုလိုငါနဲ့ယှဥ်ရပ်နိုင်တာမပျော်ဘူးလား "

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now