29 အိမ်ရှေ့စံ၏အမိန့်တော်

2.3K 285 76
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 29 💎ღ { အိမ်ရှေ့စံ၏အမိန့်တော် }

" အိုက်ယား..ပြေးရတာ မောလို့သေတော့မှာပဲ "

ဝမ်ရိပေါ်တစ်ယောက် မျက်နှာတွေပူထူနေပြီး တစ်ကိုယ်လုံးလည်းထူပူနေသောကြောင့် ပြေးတာပါရော၍ချွေးတသီးသီးဖြစ်နေသည်။

ကံကောင်းလို့ဟိုနှစ်ယောက်အလုပ်ရှုပ်နေတုန်း ပြတင်းပေါက်ကခုန်ဆင်းပြီးထွက်ပြေးလာခဲ့တာ မင်းသားကျန့်တောင်ဘယ်နားကျန်ခဲ့လဲမသိ။
အစက အနမ်းထဲနစ်မြောနေပေမယ့် နောက်မှဘာလုပ်နေကြမှန်းသတိထားမိတော့ ထိုအနမ်းကြောင့်ပဲသူစိတ်တွေမပြင်းပြလာခင် အမြန်ရပ်တန့်ရန်ဆုံးဖြတ်ခဲ့ရသည်။
ထို့ကြောင့် မင်းသားကျန့်အားတွန်းဖယ်ပြီး ဘာမှမသိပဲလုံးထွေးနေကြသောလူနှစ်ယောက်အလစ်တွင် သူပြတင်းပေါက်ကနေထွက်ပြေးလာခဲ့ရတာဖြစ်သည်။

မိမိဟာဘယ်လောက်ပဲချစ်တတ်နေပါစေအုံး အသက်မပြည့်သေးသည်မို့ live scene ကြီးကျတော့ မတော်မတရားကိုးရို့ကားယားဆန်လှ၍ crush ကြီးကလည်း လာနမ်းတယ်ဆိုတော့ စိတ်လှုပ်ရှားမှုကအဆုံးအစွန်ထိရောက်သွားကာ တစ်စုံတစ်ခုကလည်းမးမမှန်တော့ပေ။

ညဘက်မို့အစောင့်တွေလူချိန်းချိန်ဖြစ်၍ အနည်းငယ်ကွေ့ပတ်ကာဖြင့် သူအဆောင်ရှိရာပြန်ရောက်သွားခဲ့သည်။
အခုမှဘယ်ကမှန်းမသိပြန်ရောက်လာတဲ့အိမ်ရှေ့စံအား ရံရွေတော်များလည်းအရိုအသေပေးကာ စားတော်ပွဲစီစဥ်ပေးရမလား ချိုးရေအရက်ပြင်ပေးရမလားမေးကြသည်။
အိမ်ရှေ့စံကအချိန်မရွေး ဗိုက်ဆာတတ်သည်မဟုတ်ပါလား။

အရင်နေ့များအတိုင်းဆိုစားစရာကို ရိပေါ်အရင်ရွေးမှာပင်။
သို့သော်ယခုလက်ရှိအခြေအနေအရ သူရေအရင်ချိုးရန်သာဆုံးဖြတ်လိုက်သည်။
မျက်နှာကအစပူလောင်နေတာ ရေစည်ထဲတောင်ခေါင်းကြီးနှစ်ထားလိုက်ချင်သည်အထိ။

ရံရွေတော်တွေချိုးရေပြင်ပေးအပြီး သူလည်းရေအမြန်ချိုးလိုက်၍ ပူနေသောမျက်နှာကိုအချိန်အတော်ကြာသစ်လိုက်ရသည်။
သူ့ကိုနမ်းလိုက်သောမင်းသားကျန့်ကြောင့် သူအခုထိရင်တုန်တာမပျောက်သေး။
သူ့နှုတ်ခမ်းများကို ဖြည်းဖြည်းချင်းငုံယူတာကအစညင်သာလွန်းလို့ ဟိုနှစ်ယောက်၏အသံများထက်တောင် ရင်တုန်သွားစေခဲ့သည်။
ရင်သာတုန်နေ၍ မင်းသားကျန့်ဘာလို့နမ်းတာလဲဆိုတာ နားမလည်နိုင်သေး။
သူ့ကိုအာရုံလွှဲပေးဖို့သက်သက်လား တကယ်စိတ်ထဲပါ၍လားဆိုတာ သူသိချင်မိသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now