Ch 4 နှစ်ထပ်ကွမ်းကယ်တင်ရှင်

3.9K 446 30
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 4 💎ღ
{နှစ်ထပ်ကွမ်းကယ်တင်ရှင်}

လေ့ကျင့်ရေးစင်ပေါ်တွင် နေရာယူထားကြသော မင်းသား၁ 'ချောင်' နှင့် အိမ်ရှေ့စံ၊ မင်းသား၂ 'လျိုဟန်' နှင့် မင်းသား၇ 'ကျန့်' တို့ အသီးသီးဖြစ်ကြသည်။

နှစ်ဖက်စလုံးညီအစ်ကိုများဖြစ်သောနှစ်ဖွဲ့သည် သွေးရင်းသားရင်းစိတ်ရှိမနေကြပေ။
ကြီးသောသူများက အငယ်နှစ်ယောက်အားအနိုင်ကျင့်ကြတော့မည်ဖြစ်ကာ အငယ်များကလည်းတတ်နိုင်သမျှခုခံပေတော့မည်။
ဝမ်ချောင်သည်ဘုရင့်သားတော်များထဲအကြီးဆုံးဖြစ်ပြီး အိမ်ရှေ့စံသည်အငယ်ဆုံးဖြစ်သည်။
အကြီးဆုံးနှင့်အငယ်ဆုံးယှဥ်ပြိုင်သော ဤပွဲသည်ရလဒ်တောင်စောင့်စရာမလိုပဲ သူနိုင်မည်ဟု ဝမ်ချောင်ကြိုတွက်ထားသည်။
အိမ်ရှေ့စံလေးဝမ်ရိပေါ်ကတော့ အေးအေးဆေးဆေးပင် လက်ဆစ်များချိုးနေ၏။

ကိုယ်ရံတော်များက ဓားများအသီးသီးလာပေးကြကာ တိုက်ပွဲစရန်အချက်ပေးလိုက်သည်။
ဝမ်ရိပေါ်သည်ဓားအစစ်ကိုင်ကမတိုက်ခိုက်ဖူးသောငြား လူရိုက်တုတ်များ၊ သစ်သားဓားများဖြင့်တော့ အရင်ဘဝကခဏခဏလေ့ကျင့်ခဲ့ဖူးသည့် သိုင်းရူးတစ်ယောက်ဖြစ်သည်။
သူအလယ်တန်းနှစ်လောက်ကတည်းက တုတ်သိုင်း၊ သစ်သားဓားများဖြင့်ကျင်လည်ခဲ့ရာ သင်တန်းစရာ၏အသင်အပြကြောင့်ရော သူ၏ကြိုးစားမှုကြောင့်ပါ သင်တန်းတွင်ပထမစာရင်းဝင်ခဲ့သည်။
သုံးနှစ်တာကြိုးစားလာခဲ့သည့် တုတ်သိုင်းဓားသိုင်းသည် အမှန်စင်စစ်မယှဥ်ပြိုင်ဖူးသော်ငြား သူ့ကိုယ်ထဲကိန်းအောင်းနေပြီဖြစ်သည်။
ဝမ်ရိပေါ်ဆိုသည်မှာ စာသာမလုပ်ချင်တာ ထိုသို့သောနေရာများတွင်တော့ ပါရမီပါသည်။
ဟိုဘဝကသူ့ခန္ဓာထက် ဒီဘဝခန္ဓာကပိုမိုပေါ့ပါးနေသောကြောင့် ပိုပြီးတောင်လျင်မြန်နေအုံးမည်။

သူ့အရင်ဘဝအကြောင်းပြန်တွေးရင်းကျေနပ်နေစဥ်ပဲ သူ့တည့်တည့်ကိုဓားတစ်ချောင်းပျံသန်းလာခဲ့သည်။
ဒီလိုအားမနာစတမ်း အလစ်အငိုက်ဖမ်းတတ်တာ သောက်ကျင့်ယုတ်လွန်းတယ်!
ရိပေါ်လည်း မြန်မြန်ပဲဓားကိုကန့်လန့်အနေအထားဖြင့်ကာလိုက်၏ ဝမ်ချောင်၏ခုတ်လွှဲမှုကိုတားစီးနိုင်သည်။
ခြင်ရိုက်တဲ့အကွက်လား ရင်တောင်မခုန်ဘူးကွ!

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now