26 ကောကောလို့ပဲခေါ်ချင်တယ်

2.4K 308 35
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 26 💎ღ { ကောကောလို့ပဲခေါ်ချင်တယ် }
    
ဝမ်ရိပေါ်တစ်ယောက် ရေမဆော့ရလို့စိတ်ဆိုးပြီးပြန်လာခဲ့သည်။

ထိုနေ့ကစ၍နောက်တစ်နေ့နန်းတော်သို့ပြန်ရောက်သည်အထိ စကားမပြောခဲ့ပေ။

မင်းသားကျန့်မှာ သူကပဲရှောင်ဝမ့်ကိုဖွင့်ပြောထသလား၊ ရှောင်ဝမ်ကပဲသူ့ကိုဖွင့်ပြောခဲ့တာလား မခွဲခြားတတ်တော့။
အခုဟာကအနိုင်နဲ့ပိုင်းတာရော စိတ်ကောက်တာရော စကားမပြောတာရောပါ သူပဲခံနေရ၍ရှောင်ဝမ့်ကိုနည်းနည်းမကြည်တော့ချေ။
ချစ်သူတွေစိတ်ကောက်တာကတောင်သူ့ထက်ချော့ရလွယ်အုံးမည်။
တကယ်ကိုရှောင်ဝမ်က သူ့အပေါ်နိုင်လွန်းဆိုးလွန်း၏။
စေတနာနဲ့အအေးမိမှာစိုးလို့တားသည်ကိုလည်း ထိုကောင်ငယ်လေးကနားမလည်ရာ..                                                                            မည်သို့နားလည်းအောင်ပြောပြရတော့မည်နည်း။
                                                                                  နန်းတော်သို့ပြန်ရောက်ကြတော့ ဘုရင်ကြီးထံအခစားဝင်ရန် အားလုံးသွားကြ၏။
                                                                                  ယင်မင်းသမီးကိုနန်းဆောင်တစ်ခုစီစဉ်ပေးရန် ဘုရင်ကြီးမှာကြားပြီးနောက် ဆရာကြီး'နျဲ့'ကတော့ ယခင်ကနေခဲ့သည့်အဆောင်မှာပဲနေမှာဖြစ်သည်။
                                                                                  သမားတော်စုန့်နဲ့မင်းသားကျန့်လည်း မင်းကြီးစီအခစားဝင်ပြီးနောက် နန်းဆောင်အသီးသီးသို့ပြန်သွားကြသည်။
ကျန်ခဲ့သည်ဆိုလို့အိမ်ရှေ့စံတစ်ပါးတည်းရှိတော့သောကြောင့် သူကဓားပြများကိုခေါ်လာစေရန် သွမ့်ကျောင်းအားပြောလိုက်သည်။
ဓားပြအုပ်စုကဆယ်ယောက်လောက်ရှိ၍ ကိုယ်ရံတော်သွမ့်၏အညှာအတာကင်းစွာ ဆောင့်တွန်းချမှုကြောင့် ကြမ်းပြင်ပေါ်ကိုးရို့ကားယားလိမ့်ကျကုန်သည်။
သို့သော်ချွင်းချက်အနေဖြင့် ရှီးဝူကိုတော့သူဖမ်းချုပ်ထားဆဲဖြစ်ကာ မပစ်ချသေးချေ။

ရိပေါ်ရယ်ရခက်ငိုရခက်စွာကြည့်နေမိသည်။

" ကိုယ်ရံတော်သွမ့်..ခမည်းတော်ကိုအကြောင်းစုံလျှောက်တင်လိုက်ပါ "

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now