50 ပျောက်သောသူရှာလေမတွေ့နိုင်

2.2K 298 26
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 50 💎ღ { ပျောက်သောသူရှာလေမတွေ့နိုင် }

မိဖုရားကြီးက မင်းသားကျန့်အပေါ် ထိုမျှမုန်းသည်ဆိုပေမယ့် ဒီလောက်အထိတိုက်ခိုက်စရာတော့မလိုဘူးဟုထင်သည်။

ထိုနေ့က ဝမ်ရိပေါ်သိချင်လာတာနဲ့စိတ်မထိန်းနိုင်ပဲ ထိုရံရွေတော်မအား လူလယ်ခေါင်မှာပဲမေးလိုက်မိ၏။
ရလာတဲ့အဖြေကတော့ အသည်းထိတ်စရာကောင်းလောက်အောင် ရက်စက်လွန်းလှပါ၍ သူသာမိဖုရာကြီးနဲ့ထိပ်တိုက်မဖြေရှင်းနိုင်ရင် နန်းတော်တစ်ခုလုံးက မင်းသားကျန့်အပေါ်အထင်မှားကမလေးမစားပြုကြတော့မည်။

တကယ်ကိုမကောင်းလှတဲ့အရေးက 'အိမ်ရှေ့စံအပေါ် မင်းသား၇ကတစ်ဖက်သတ်ကြံရွယ်နေပြီး ညစ်ညမ်းတဲ့အတွေးတွေဖြစ်မြောက်ဖို့ ညီနောင်ချင်းတောင်အမှုမထားတော့ပဲ အနားမှာဝေ့သီနေလို့ပါ' ဟူသော ရံရွေတော်မလျှောက်တင်လာသည့်စကားမှသည် ဖြစ်ပေါ်လာခဲ့သည်။
လူတိုင်းရဲ့ရင်ထဲစိုးထိတ်သွားပြီး သူတို့အရင်ဆုံးကြည့်မိကြတာက ဒေါသထွက်နေသော အိမ်ရှေ့စံထံသာ။
မကြည့်ရဲပေမယ့်သနားကရုဏာသတ်သတ်ဖြင့်ကြည့်လိုက်မိတော့ အိမ်ရှေ့စံကပေါက်ကွဲတော့မယ့်မီးတောင်ကြီးလိုဖြစ်နေတာကိုတွေ့လိုက်ရသည်။
ထိုအဖြစ်ကသူတို့အမြင်တော့ မင်းသား၇ကအိမ်ရှေ့စံအား လှည့်စားလိုက်ပြီပဲဟုမတွေးပဲမနေခဲ့။
ပညာရှိအမတ်များနှင့် ကိုယ်ရံတော်များကတော့ မိဖုရားကြီး၏လူများဘက်မကျေမချမ်းစွာကြည့်လိုက်ကြပြီး 'မဟုတ်တမ်းတရားတွေ'ဟုအကြည့်များဖြင့်စစ်တိုက်တော့သည်။

အမတ်ကြီးဝမ်လည်းတူတော်၇အတွက်အားနာလွန်းပြီးမျက်နှာမကောင်းဖြစ်လျက်။
သွမ့်ကျောင်းကတော့လက်သီးကိုဆုပ်နေမိသည်။
ထိုမိဖုရားကြီးကမွှေလို့ကိုမပြီးနိုင်တာ..သူ့မှာရှီးဝူအတွက်နဲ့ မိဖုရားကြီးကိုအရင်ကတည်းကစိတ်နာခဲ့ရတာ.အခုတော့ပိုပြီးရွံမုန်းသွားသည်။
အားရှင်းကတော့ သူ့ပါပါးဝမ်အခြေအနေအားအကဲခတ်နေပြီး ရံရွေ​တော်မကိုဘာ်အချိန်ပေါက်သတ်ရမလဲချောင်းနေ၏။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)On viuen les histories. Descobreix ara