62 , 63

2.8K 270 40
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 62 💎ღ
{အရေးမပါသောလက်ထပ်ပွဲနှင့် အလိုတူအလိုပါထွက်ပြေးခြင်း}

ဘုရင်ကြီးစိတ်တိုလွန်းသောကြောင့်သွေးအန်မတက်ပင်။
သားတော်လေး၏နန်းဆောင်ကအပြန် အသိသက်သေဥယျာဥ်စောင့်နှင့် ကိုယ်ရံတော်နှစ်​ယောက်ကိုခေါ်ဆောင်ကာ အကျဥ်းထောင်ကိုသွားရသည်။
သက်သေတွေခေါ်ဆောင်လာတာတောင်
အပြစ်သားသုံးယောက်က သူတို့မဟုတ်သလိုနေရဲသောကြောင့်သေလုဆဲဆဲအထိ ဘုရင်ကြီးဆုံးမပေးလိုက်ကာမှ မသေချင်ကြသောသုံးယောက်ကဝန်ခံခဲ့ကြသည်။

သူတို့အမှုမထားစော်ကားသူကမင်းသမီးတစ်ပါးဖြစ်နေ၍ သေဒဏ်အထိပင်ပြစ်မှုချနိုင်သည်။
သို့ပေမယ့် သူတို့အပြစ်ကိုမခံယူချင်၍မဟုတ်ပဲ ဆင်ခြေမဟုတ်သည့်အမှန်တရားတစ်ခုရှိနေသေးသောကြောင့် သူတို့အမှန်တွေဖွင့်ချလာ၏။

"အရှင်မင်းကြီး ကျွန်တော်မျိုးတို့မှားပါတယ်..
သို့ပေမယ့်ကျွန်တော်မျိုးတို့ကိုအပြစ်ပေးမယ်ဆို မင်းသမီးချင်ကိုရောအပြစ်ပေးသင့်ပါတယ် "

ဘုရင်ကြီးနားထဲရှုပ်သွား၍ ထိုအပြစ်သားအားရှင်းလင်းစွာပြောစေလိုက်သည်။

" မှန်လှပါမှန်လှပါ..တကယ်တော့ မင်းသမီးကအိမ်ရှေ့စံကိုကြံစည်ချင်တာကြောင့် ကျွန်တော်မျိုးတို့သုံးယောက်ကို အိမ်ရှေ့စံရဲ့..အိပ်..အိပ်..ဆောင်ကိုကျူးကျော်ဖို့ထိတောင် ငွေပေးခိုင်းစေခဲ့ပါတယ် "

ထိုခဏဘုရင်ကြီး၏ဦး​ခေါင်း ရှဲခနဲလောက်ကျွမ်းသွားရသလိုဖြစ်သွားသည်။

" သင်ဘာပြောလိုက်တယ်! "

အပြစ်သားကကျန်နှစ်ယောက်အားနှုတ်ဆိတ်မနေရန်နာကျင်စွာကြည့်လိုက်တော့ ဘေးကတစ်ယောက်လည်းပူးပေါင်းပါဝင်ပြောလာကြ၏။

"ဟုတ်ပါတယ်အရှင်မင်းကြီး..
မင်းသမီးချင်ကဥယျာဥ်တော်အနောက်ကိုခေါ်ပြီး အိမ်ရှေ့စံကိုကြံစည်ဖို့ရွှေတစ်ထောင်နဲ့လဲလှယ်ခဲ့ပါတယ်..
အိမ်ရှေ့စံကိုအဲ့လိုကျူးလွန်ဖို့အတွက် ဒီအပြစ်သားတွေကစိတ်နဲ့တောင်မပစ်မှားရဲပါဘူး..
ဒါကြောင့်ငြင်းဆန်တော့ မင်းသမီးကအာဏာပြပြီးအထက်စီးဆန်ဆန်ရိုင်းပြလာပါတယ်"

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now