37 အားရှင်းကိုဘေးထားပြီး ချိန်းတွေ့ကြရာ

2.8K 309 60
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 37 💎ღ { အားရှင်းကိုဘေးထား၍ချိန်းတွေ့ကြရာ }

ရာသီဥတုသည်မပြောမဆိုနှင့်အေးလို့လာသည့်အလျောက် သစ်ပင်တွေနှင့်အုပ်စိုင်းနေသောဥယျာဥ်တော်ကြီးသည် ဆောင်းလေများဝန်းရံနေ၍ ခြေတစ်လှမ်းလှမ်းမိတိုင်း အေးမြခြင်းကိုပေးစွမ်းလို့နေသည်။

မြေခနေသည့်သစ်ရွက်ငယ်များက ဥယျာဥ်တော်တစ်ခွင်စောင့်ကြပ်လို့နေကြသည့်နှယ် နေရာမလပ်ရှိနေကြ၏။
ဥယျာဥ်တော်ဘက်မရောက်ဖြစ်တာကြာပြီဖြစ်ရာ အခုရောက်လာတော့ ခြောက်သွေ့နေသောမြက်ခင်းပေါ်ရေဖြန်းလိုက်သလို စိတ်ထဲလန်းဆန်းသွားမှုများကနေရာယူလာသည်။
ဘာလိုလိုနှင့် အမှတ်တရသောပန်းပင်ကြီးရှိရာရောက်လာခဲ့ကြတော့ မင်းသားကျန့်မှအရင်ဆုံးစကားစလာခဲ့၏။

" ရှောင်ဝမ်..မင်းငါ့ကိုစတွေ့ခဲ့တာ ဒီအပင်ပေါ်ကပြုတ်ကျတုန်းကပေါ့ "

" အပင်ပေါ်ကပြုတ်ကျတာမဟုတ်ပါဘူး တမင်ခုန်ချတာ ကောကောနဲ့ဆုံချင်လို့ "

မင်းသားကျန့်ပြုံးလိုက်ပြီး ဆက်မေးလာ၏။

" ငါ့ကိုစတွေ့တုန်းက ဘယ်လိုထင်လဲ "

ရိပေါ် မေးခွန်းကိုနားမလည်ဟန်လေးဖြင့် ပြန်မေးလိုက်သည်။

" ကောကောကဘာကိုဆိုလိုတာလဲ? "

" မင်းမျက်လုံးထဲ ငါ့ကိုစတွေ့တွေ့ချင်း ဘယ်လိုမြင်မိလဲလို့မေးတာပါ..
အဲ့တုန်းကသတိထားမိတာက မင်းမျက်လုံးအပြူးသားနဲ့ငါ့ကိုကြည့်နေတာပဲ..
ငါအဲ့တုန်းကတောင် မသင်္ကာဖြစ်သွားသေးတယ် မင်းငါ့ကိုကျေးဇူးတင်ခဲ့လို့လေ "

" အဲ့လိုထင်စရာပါပဲ..ကျွန်တော်ကအရမ်းကြီးယဥ်ကျေးတယ်မဟုတ်လား..ဟဲဟဲ အဲ့တုန်းကကောကောလာကယ်လိုက်တော့ ကျွန်တော်ရင်တုန်သွားတာတကယ်..
ကောကောသာမကယ်ရင် ကျွန်တော်နောက်တစ်ဘဝထပ်ကူးနေလောက်ပြီလေ..
အဲ့တော့အရမ်းကျေးဇူးတင်သွားတာ.."

" အင်း "

" ကောကောကတကယ်ခန့်ညားလွန်းလို့ ကျွန်​တော်အဲ့တုန်းကအားတောင်ကျခဲ့တာလေ..
ကျွန်တော့်လိုဖြူစွတ်စွတ်ကြီးမဟုတ်ဘူး တကယ်ကြည့်ကောင်းတာ နည်းနည်းမနာလိုတောင်ဖြစ်သွားသေးတယ်..
ငါသာအဲ့လောက်ချောရင်ဆိုတဲ့ အတွေးတောင်တွေးလိုက်မိသေး "

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Место, где живут истории. Откройте их для себя