Ch 8 ရှောင်ဝမ်ကငါ့ရဲ့လူ

3.6K 398 10
                                    

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 8 💎ღ { ရှောင်ဝမ်ကငါ့ရဲ့လူ }

ဝမ်ရိပေါ်စိတ်ထဲ ခဲဆွဲသလိုလေးပင်ခြင်းများပြည့်နှက်လို့လာသည်။
သူမိန်းမကလေးတစ်ယောက်ကိုမကြောက်ပေမယ့် ထိုမိန်းကလေးကဇာတ်လိုက်မဖြစ်နေတာကြောင့် သူတို့ယှဥ်ချလို့တော့ ဇာတ်လိုက်မကရှူံးမှာမဟုတ်။
အမတ်ကြီးရဲ့သမီးဆိုတာက တစ်မိုးအောက်မှာတစ်ယောက်ပဲရှိသလို မိန်းမစစ်သူကြီးခန့်အပ်ဖို့တောင်လျာထားသည်ဆိုပဲလေ။
ဓားသိုင်းမှာလည်းလွှားခနဲပင် သူမ၏ပေါ့ပါးသောခန္ဓာကိုယ်လေးနဲ့ လျင်မြန်ဖြတ်လတ်လိုက်တာများ ဇာတ်လိုက်တောင်အံ့သြရတယ်လေ။
အဲ့အရည်အချင်းကို ဝတ္ထုဖတ်ခဲ့စဥ်က ဝမ်ရိပေါ်မှာ အလွန်ကျေနပ်ခဲ့ပြီးအားပေးခဲ့သည်။
သို့သော် သူအခုတွင်မူအားမပေးချင်တော့။
တကယ်တော့မိန်းကလေးဆိုတာသိမ်မွေ့နူးညံ့ရမှာမဟုတ်လား..သန်မာနေဖို့ဆိုတာတကယ်ကိုလိုမနေဘူး။

ဇာတ်လိုက်မရဲ့အစွမ်းအစကဘယ်လောက်တောင်လဲဆိုတော့ ဇာတ်လိုက် နန်းတော်ကိုသိမ်းတုန်းက သူမသည်တွဲဖက်တိုက်ခိုက်ရေးသမားဖြစ်ခဲ့ပြီး သူမ၏ဓားသွားအောက်အသက်ပေးခဲ့ရသောရဲမတ်များကမနည်း။
သူမသည်ငယ်စည်ဘဝကတည်းက ကိုယ်ခံပညာသိုင်းပညာများကို နန်းတွင်းကအကျော်အမော်များနှင့်သင်ထားခဲ့ပြီးဖြစ်ရာ ယခုသူမအသက် ၁၅နှစ်အရွယ်တွင်တော့ အတော်သိတတ်ထားနေပြီဖြစ်သည်။
ဝမ်ရိပေါ်မယှဥ်ပြိုင်ချင်ဆုံးလူနှစ်ကိုပြပါဆို ဇာတ်လိုက်နှင့်ဇာတ်လိုက်မကိုပင် ပြရမည်။
ဇာတ်လိုက်ဆိုသည့် သဘောသဘာဝသည် မည်သို့သောအခါမှရှူံးနိမ့်မည်မဟုတ်။

သို့ရာတွင် ဝမိရိပေါ်မတွေးလိုက်မိသည့်တစ်ခုတော့ရှိသည်။
စကားကိုကပ်ပြီးမေးပါဆို..'ဇာတ်လိုက်အချင်းချင်းပြိုင်ရင်ရော' ဟူသည့် မေးခွန်းကြီးထွက်လာလိမ့်မည်။
လူတစ်ရာတွင်တစ်ယောက်မေးခဲပါသည်။
မည်သို့သောဇာတ်လမ်းကမှ ဇာတ်လိုက်အချင်းချင်းသတ်ပုတ်ပြီးသေသွားရသည်ဆိုတာမရှိ။
ထိုသို့ဆိုလျှင် စကားကိုကပ်ကာမေးသောသူက မှားပြန်သလားဆိုမမှားပေ။
တစ်နည်းအားဖြင့် သီအိုရီများတွင်ချွင်းချက်ရှိသကဲ့သို့ ဇာတ်လိုက်ချင်းတိုက်ခိုက်ရသည့်ဇာတ်များလည်းရှိပေလိမ့်မည်။
ထိုသို့ဆိုရင်တော့ ရှူံးနိမ့်သူအားဇာတ်လိုက်လို့မခေါ်တော့ပဲ ဇာတ်ပို့ဟုသာခေါ်ကြတော့မည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now