73 ဝမ်ဘုရင်၏စီရင်ချက်များ

2K 204 17
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 73 💎ღ{ ဝမ်ဘုရင်၏စီရင်ချက်များ }

ရှောင်လန်ခေါ်လာရာနောက်လိုက်ခဲ့သော် အကျဉ်းထောင်စီရောက်လာကာ တိုက်ပိတ်ခံရသည့်အပြစ်သားများထားရာအခန်းများသို့ရောက်လာခဲ့သည်။

ထိုအခန်းများမှာမည်းမှောင်နေပြီး လေဝင်ပေါက်သေးသေးလေးမှလွဲ၍ နံရံကြီးများသာရှိသည်။
ဒီအခန်းများထဲအထည့်ခံရသည့်အပြစ်သားတိုင်း ရူးလျှင်ရူး မရူးလျှင်သေကြောင်းကြံစည်ကြကုန်သည်ကများ၏။

ရှောင်လန်အခန်းတစ်ခန်းစီသို့အမြန်ပြေးကာ သခင်ဖြစ်သူလက်ကိုလည်းအလွတ်မခံနိုင်အောင် ဆွဲခေါ်သွား၏။

" ဒီအခန်းပဲ သခင် "

" မြန်မြန်စက်ယန္တရားကိုသွားလှည့် "

" ဘယ္နားမွာလဲ သခင် "

".....မြေအောက်ခန်းမှာ "

တိုက်ပိတ်အကျဉ်းသားများသည်လွတ်လမ်းမသေချာ၍ သော့မဟုတ်ပဲတံခါးကိုယန္တရားများဖြင့်ထိန်းချုပ်ကြသည်။
အထူးသဖြင့် ဝမ်ဘုရင်ကြီးသည်အပြစ်သားများမလွန်နိုင်ရန်ပိုမိုသတိထားပြီး အကျဉ်းထောင်၏မြေအောက်ခန်း၌သာ အခန်းအလိုက်ယန္တရားငယ်များထားရှိထား၏။

မန်ထို၏အကျဉ်းကျရာအခန်းက ၄၃ခန်းမြောက်ဆိုလျှင် မြေအောက်ခန်းထဲ၌စက်ယန္တရားငယ်များ လေးဆယ့်သုံးခုမြောက်ကိုရွှေ့ရမည်ဖြစ်သည်။

" မင်းဒီမှာနေပြီး တံခါးပွင့်လာတာနဲ့သူ့ကိုခေါ်ထုတ် ငါသွားလိုက်မယ် "

" ဟုတ်ကဲ့ "

ရှောင်လန်နေခဲ့၍ ဝမ်ရိပေါ်တစ်ယောက်တော့မြေအောက်ခန်းသော့ကိုယူကာ ပြေးသွားသည်။

မြေအောက်ခန်းသည်အကျဉ်းထောင်ထဲတွင်သာရှိပြီး မြေအောက်တံခါးဖွင့်သည့် စက်ယန္တရားခလုတ်ထားရှိသောနံရံတွင်းအကန့်ငယ်ကို သော့ဖြင့်ခတ်ထားသည်။

သူ၏လုပ်ဆောင်ချက်များမြန်ဆန်စွာဖြင့် မြေအောက်တံခါးကိုဖွင့်နိုင်ခဲ့၏။
လှေကားထစ်များစီသူဆင်းသွားလိုက်ပြီး လေးဆယ့်သုံးခုမြောက်သော ယန္တရားခလုတ်ကိုအမြန်ရှာသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now