49 နန်းရင်ပြင်တွင် အိမ်ရှေ့စံသောင်းကျန်းခြင်း

2.2K 277 23
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 49 💎ღ
{ နန်းရင်ပြင်၌ အိမ်ရှေ့စံသောင်းကျန်းခြင်း }

အားလုံး၏ဝိုင်းစက်ပြူးကျယ်နေသောမျက်လုံးများအောက် တစ္ဆေဘုရင်ကတော့သားကောင်အားအလွတ်မပေးသေးချေ။
သူ့အနားဝန်းရံထားသောအငွေ့များကလည်းပိုမိုအားကောင်းလာကာ ဘေးကလူများအနားမကပ်နိုင်အောင် စည်းတဖြစ်နဲ့ ခက်ထန်သောလေများကလည်းတိုက်ခတ်လာခဲ့သည်။

လေတိုက်ခတ်မှုကြောင့် တစ္ဆေဘုရင်၏အနက်ရောင်ဝတ်ရုံများက လေထဲလွင့်မြောလာသည်။
တစ်ဆက်တည်းမှာပဲ ဝမ်ယဲ့၏မျက်နှာတစ်ဝက်ကိုအုပ်ထားပါသည့် အပြာရောင်ပုဝါပါးကလည်း လေနှင့်အတူလွင့်မြောသွားခဲ့သော် အပြစ်ပြောစရာမရှိအောင် လှပနူးညံ့လွန်းသည့်မျက်နှာနုနုလေးပေါ်ထွက်လာလေသည်။

ထိုခဏတစ္ဆေဘုရင်၏အားစိုက်ထားသောလက်က အနည်းငယ်ပြေလျော့သွားမိပြီး အသက်ရှူရခက်သောကြောင့်မျက်နှာတစ်ခုလုံးနီရဲနေသော ထိုကောင်လေးအား ငေးခနဲဖြစ်သွားရ၏။
နေရခက်၍ဒီလောက်ရှုံ့တွနေတာတောင် ထိုမျက်နှာကလှနေသေးသည်။
အဲ့လိုအလှတရားကို ချီစုန်ကသိပ်မုန်းခဲ့တာ။
ဒါပေမယ့် အမှန်တိုင်းဝန်ခံရပါရင် ဝမ်ယဲ့လောက်လှသည့်ယောက်ျားပျိုမပြောနှင့် မိန်းမပျိုကိုတောင်မတွေ့ဖူးပေ။
နတ်ဘုရားတစ်ပါးလိုလှနေတာ ဒီကောင်လေးကလူအစစ်သာဆို ယောက်ျားလေးရောဟုတ်ရဲ့လားဟုအထင်မှားစရာဖြစ်လာသည်။
သူ့အလှတရားနဲ့ဆို စစ်သည်တစ်ထောင်မလိုအပ်ပဲအောင်နိုင်နိုင်ပါသည့်လက်နက်လို့ပင်တင်စားလောက်လှသည်။

တစ္ဆေဘုရင်ဆိုသည်မှာ လှပသောသူများကိုမုန်းတီးပြီး 'ယဲ့'ပါသောသူမှန်သမျှကို ဂုတ်ချိုးခဲ့ဖူးပေမယ့် ဒီဝမ်ယဲ့နဲ့ကျမှ သတ်ချင်စိတ်များအလျင်းပျောက်သွားသည်။
လူအများပြောကြသည့် မျက်နှာလှလှလေးရှိတဲ့သူဆို ဘယ်သူကမှမထိမတို့ရက်ချက်ကြသလို ထိုမျက်နှာလေးကိုလည်းထိခိုက်အောင်လုပ်မှာမဟုတ်ဘူးတဲ့။
ထိုစကားကမှန်ကန်သည်ထက်ပိုသည်ထင်။
လှပသောအရာတစ်ခုကို မည်သူကဖျက်စီးရက်မည်နည်း။ ရူးနှမ်းနေမှသာလုပ်ဆောင်လိမ့်ပေမည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now