21 အချစ်ဆိုသည်မှာ

2.6K 298 42
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 21 💎ღ { အချစ်ဆိုသည်မှာ }

မင်းသားကျန့်တစ်ယောက် 'အစ်ကိုကြီးကဘာလို့ အဲ့ကတိတောင်းတာလဲ' ဟူသည့် ရှောင့်ဝမ့်အမေးကို ပြန်လည်ဖြေကြားရန်အဖြေကရှိမနေခဲ့ပေ။
ထိုအရာက သူ မဖြေချင်၍လည်းမဟုတ်သလို တမင်မဖြေခြင်းလဲမဟုတ်ခဲ့။
သူတကယ်ပင် လမင်းကြီးစီငေးကြည့်ရင်းပြောပြလာခဲ့တဲ့ရှောင်ဝမ့်ရဲ့စကားများကြောင့် မသိစိတ်အလျောက်ပင် တစ်ဖက်သားကိုဆွဲလှည့်လိုက်ကာ မေးခွန်းအဆင့်ဆင့်မေးမိ၍ကတိတစ်ခုပင်တောင်းမိသွားခဲ့သည်။

သူနောင်တရချင်ပါသော်လည်းလွန်သွားပြီဖြစ်ရာ ဖြေရခက်သောမေးခွန်းကြောင့် ရင်ထဲကတစ်စုံတစ်ရာကထိန်းမရစွာလှုပ်ခတ်သွားရ၏။
ထိုလှုပ်ခတ်မှုကြောင့်တဒိန်းဒိန်းဖြင့်မြည်သံက သူ၏ဘယ်ဘက်ရင်အုံမှထွက်ပေါ်လာကာ တစ်ခုခုအားအပြစ်ရှိစွာတွေးလိုက်မိလေသည်။
အခြားတော့မဟုတ်ခဲ့ သူ၏'အချစ်'ဟူသော မရေရာလှသည့်ယိမ်းယိုင်နေမှုကြီးကို ထောက်ကူထားသည့် 'မချစ်ရ'ဟူသော ထောင့်တိုင်ကြိးပြိုလဲသွားခြင်းပင်။

သူသာခေါင်းမငုံ့ထားခဲ့ပါက ရှောင်ဝမ် သူ့မျက်နှာပေါ်ကစိတ်လှုပ်ရှားမှုများနှင့်ထိတ်လန့်မှုများကိုတွေ့သွားနိုင်သည်မှာအမှန်ပင်။
သူတစ်ယောက်တော့ ရှောင်ဝမ့်၏စကားတွေနဲ့ကတိလေးတစ်ခုအပေါ် လုံးဝကိုပြိုလဲကျသွားပြီဖြစ်ကာ တစ်သက်လုံးအိပ်စက်နေခဲ့သည့်နှလုံးသားကလည်း သခင်ရှေ့ရောက်သလို ခုန်ပေါက်မြူးတူးလာခဲ့သည်။

သူလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ သူ၏ဘယ်ဘက်ရင်အုံအားငြိမ်သက်သွားစေရန် ဖိနှိပ်လျက်ကြိုးစားသော်လည်းအချည်းနှီးသာ။
သူ့ဘဝတစ်လျှောက်လုံး မရင်းနှီးခဲ့ပါသော အချစ်ဆိုသည့်အရာကို ရုတ်တရက်ရင်ဆိုင်လိုက်ရစဥ် သူထိတ်လန့်အံ့သြသွားရသည်မှာ အကြောင်းနှစ်ခုသာရှိသည်။

တစ်ခုက သူလိုယောက်ျားရင့်မာကြီးတစ်ယောက်က လုံးဝကိုမမျှော်လင့်စွာပဲ ရှောင်ဝမ်လို ကလေးတစ်​ယောက်၏ မြူစွယ်ခြင်းကင်းသော ချစ်စရာကောင်းမှုတွေကို နှစ်သက်မှုမှတစ်ဆင့် ချစ်ခြင်အထိအဆင့်တက်သွားသည်ပင်။
နောက်တစ်ခုကတော့ မချစ်သင့်သောသူကို ချစ်မိသွားလေသောကြောင့် ကမ္ဘာပျက်မတတ်နာကျင်သွားရခြင်းပင်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now