47, 48

1.9K 285 20
                                    

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 47 💎ღ {ကောကောဘယ်မှာလဲ }

လောက၌ထင်မှတ်ထားသောအရာများဖြစ်မလာတတ်သလို မထင်မှတ်ထားသောအရာများကလည်းဖြစ်လာတတ်သည်မှာ ဓမ္မတာပင်။
မျှော်လင့်ထားသည်များကလည်း မျှော်လင့်မထားသည့်အခြေအနေများအဖြစ်သို့ပြောင်းလဲသွားတတ်ကြသည်မဟုတ်လား။
လောကကြီးကထိုသို့ မျက်လှည့်ဆန်လွန်းလှသည်။
အထူးသဖြင့် လူသားများအပေါ်တွင်ပေါ့။

လူသားများသည်သတ္တဝါအားလုံးထဲတွင် အသိဥာဏ်အရှိဆုံးဖြစ်ကြကာ အသိတရားရှိကြသည့်အလျောက် အဆင့်မြင့်လွန်းသည့်ဦးနှောက်တစ်ခုထဲ အတွေးများရောစဥ်းစားမှုများပါ ရောယှက်ရှုပ်ထွေးလွန်းလှသည်။
ထိုကဲ့သို့သောသူများအနက် လူသားတစ်ဦးပဲဖြစ်ပါသောဝမ်ရိပေါ်လည်း ထိုနည်းတူစွာပင်အတွေးများစွာနှင့်မျှော်လင့်ချက်များလည်းရှိသည်။

သို့သော်သူတွေးသည်များကလည်း ကောကောတစ်ယောက်အကြောင်းသာဖြစ်ပြီး သူမျှော်လင့်သည်များကလည်းကောကောတစ်ယောက်ထံမှသာဖြစ်ပေမယ့်လည်း..
ကံတရားကစမ်းသပ်ချင်၍ပဲလား လောကကြီးကတမင်နောက်ပြောင်၍ပဲလားတော့မသိ သူ့ရဲ့တစ်ခုတည်းသောထိုမျှော်လင့်ချက်လေးကတောင် ဖြစ်မလာနိုင်မည်မဟုတ်ရ။
သူနန်းတော်သို့ပြန်ရောက်နိုင်ပေမယ့်လည်း တွေးထားသလိုမျိုး ချစ်တဲ့သူနဲ့ပွေ့ဖက်နိုင်မှာမဟုတ်။
ဒါကိုသူလည်းကြိုမသိနိုင်တာ သူ့ဘက်မှများစွာခံရခက်လှပါသည်။

ဒီနေ့ပဲတိုက်တိုက်ဆိုင်ဆိုင် နန်းတော်နှင့်နန်းတော်ပတ်ဝန်းကျင်တစ်ခွင်တွင် အုံ့မှိုင်းလျက်ရှိကာ တစ်ခုခုအားဝမ်းနည်းနေသလိုနှင့် ဝမ်းသာအားရပြန်လာနေသော အိမ်ရှေ့စံငယ်လေးအားသနားစဖွယ်အနေဖြင့်ငေးနေကြသယောင်။
အထီးကျန်ဆန်လွန်းစရာကောင်းလှပပါသည်။

" ဒါဆိုမင်းပြောတဲ့ အစ်ကို၇က မင်းသား၇ပေါ့..
ငါသူ့ကိုတွေ့ဖူးချင်တယ် မင်းရဲ့အချစ်ဆုံးသူ ဘာကြောင့်ဖြစ်နေသလဲဆိုတာသိချင်လို့ "

မြို့ရိုးတံခါးနားရောက်မှ တိတ်ဆိတ်မှုကိုရုတ်တရက်ဖြိုခွင်းလိုက်သော တစ္ဆေဘုရင်ကြောင့် ရိပေါ်အံ့သြသွားသည်။ မေးတာကလည်းသူ့ကောကောအကြောင်းကိုမှဆိုတော့။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now