Ch 3 အဖိုးတန်ဆုံးသောလက်ဆောင်နှစ်ခု

4.3K 465 31
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

  💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 3 💎ღ{အဖိုးတန်ဆုံးသောလက်ဆောင်နှစ်ခု}

အမှန်တော့ ဘုရင်ကြီးနှင့်မင်းသား၇မယ်တော်တို့ရဲ့ နှစ်ဦးတည်းသိသောလျှို့ဝှက်ချက်သည် တတိယလူတစ်ယောက်သိနေပါသေးသည်။
ထိုလူကမည်သူပါနည်း?
ဟုတ်ပါသည်။ ဝတ္ထုတစ်ခုလုံးကိုအမာခံအားပေးခဲ့သည့် the best reader ကြီး ဝမ်ရိပေါ်ပဲဖြစ်သည်။

သို့ပါသော်လည်း ထိုအချက်သည်ဇာတ်သိမ်းသွားသည့်တိုင် အဖြစ်မှန်မပေါ်ခဲ့။
ထိုကိစ္စပေါ်ပေါ်မပေါ်ပေါ် ဘာမှလည်းထူးခြားမည်မဟုတ်။
ဘယ်လိုနေနေအိမ်ရှေ့စံကဇာတ်လိုက်သတ်တာကို ခံရမှာသေချာသည်။
ထို့ကြောင့် ဘာမှမတော်ဘူးသာသိသွားလျှင် အိမ်ရှေ့စံသည်အသေပိုဆိုးရုံသာရှိလိမ့်မည်။
ဟိုကသူ့အား သူစိမ်းဟုသိပါက ပိုပြီးလှလှလေးသတ်ပေလိမ့်မည်။
သို့ဖြင့် ဤအချက်သည် ဝမ်ရိပေါ်မေ့ပင်မေ့နေနိုင်လောက်သည့် မှုန်မှုန်ဝါးဝါးအခန်းကဏ္႑မျှသာ။ဝမ်ရိပေါ်အတွက်ကတော့ ဇာတ်လိုက်နှင့်အိမ်ရှေ့စံဘာမှတော်တော်မတော်တော် ဂရုစိုက်မည်မဟုတ်ပါ။
သူသည်ဒီဘဝသို့ရောက်ရှိလာသည့် ဟိုဘဝကလူတစ်ယောက်မို့ အားလုံးကသူ့ရဲ့သူစိမ်းများပင်။သူ့အခုခန္ဓာထဲလည်ပတ်နေသည့်သွေးများကတော့ ဘုရင်ကြီးနှင့်မိဖုရားကြီးတို့ရဲ့သွေးများပေါ့။
သူအခုအိမ်ရှေ့စံဘဝရလာတော့လည်း အသက်ရှင်ချင်လျှင် ဇာတ်လိုက်နှင့်ဆက်ဆံရေးပြောင်းလဲမှရမည်။
ကုန်ကုန်ပြောရရင် သူ့ရဲ့အဓိကရည်ရွယ်ချက်မှာ 'ဇာတ်လိုက်ကိုဖားဖို့' သာ။

ဒါကြောင့်သူလည်း ဇာတ်လိုက်အစ်ကိုကြီးနှင့်ဇာတ်လိုက်၏မယ်တော်အား ကျေးဇူးတင်သည့်အနေနဲ့လက်ဆောင်လေးပေးဖို့ရာ ဘုရင်ကြီး၏ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းနှစ်ခုယူလာခဲ့သည်။
ထိုပစ္စည်းနှစ်ခုသည် ဇာတ်လိုက်နှင့်ဇာတ်လိုက်မယ်တော်အတွက် အရေးပါမည်သေချာသောကြောင့် ဇာတ်ကြောင်းသိနေသောသူက စေတနာအားထက်သန်စွာဖြင့် မျက်နှာချိုသွေးရန် မင်းသား၇၏နန်းဆောင်သို့လျှောက်လာခဲ့တော့သည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now