41 မင်းသားကျန့် နန်းတော်မှထွက်ရခြင်း

2.1K 281 28
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 41 💎ღ { မင်းသား၇ နန်းတော်မှထွက်ရခြင်း }

မနေ့ညက မင်းသားကျန့်တာဝန်များပြီးဆုံးပြီးနောက်တွင် ရှောင်ဝမ်ရှိသည့်နေရာကို အ​စောင့်များအားမေးပြီး လိုက်လာခဲ့သည်။

ဥယျာဥ်တော်၏အရှေ့ဘက်သည် ချယ်ရီတောကြီးလည်းဖြစ်သလို ညဘက်လည်းဖြစ်ပေရာ အစောင့်မရှိသောနေရာများတွင်မီးတုတ်လည်းမရှိသောကြောင့် လရောင်မှလွဲ၍အကူအညီမရှိခဲ့ပေ။

ထို့ကြောင့် ရှောင်ဝမ်ရှိသည့်နေရာအထိမရောက်သေးခင်ပဲဆက်ကြားလမ်း၌ အမှောက်ထဲမှနေလူနှစ်ယောက်ထွက်လာခဲ့သည်။
အမျိုးသမီးတစ်ယောက်နှင့်အမျိုးသားတစ်ယောက်ပင်။
သေချာကြည့်ကြည့်တော့မှ ထိုအမျိုးသမီး၏မျက်နှာကလရောင်အောက်တွင်ထွက်ပေါ်လာခဲ့ကာ မိဖုရားကြီးဖြစ်နေမှန်းသိရှိသွားခဲ့၏။
သူ့စိတ်ထဲမကောင်းသောအငွေ့အသက်များရလာလို့မဆုံးသေးပဲ မိဖုရားကြီး၏အနောက်မှအမျိုးသားက သူ့အားစတင်တိုက်ခိုက်လာသည်။

ထိုသူကလျင်မြန်ပြီး သိုင်းပညာမှာလည်းမနိမ့်ရာ မင်းသားကျန့်ချွေးထွက်အောင်ခုခံနေရပြီး ဘေးကမိဖုရားကြီးကတော့ မောက်မာစွာပြုံး၍အတိုင်းသားရပ်ကြည့်နေခဲ့၏။
သူနဲ့တိုက်ခိုက်နေသောအမျိုးသားကလည်း လက်ရေမနိမ့်ပေရာ မင်းသားကျန့်ခက်ခဲစွာရုန်းရတော့သည်။
ကြာတော့မင်းသားကျန့်လည်း သည်းမခံနိုင်တော့ပဲ တစ်ဖက်လူ၏ဓားမြောင်ငယ်က သူ့ဝမ်းဗိုက်စီရောက်လာခဲ့သည်ကိုတောင်မတားစီးနိုင်လိုက်ပေ။
မင်းသားကျန့်မြေပြင်ပေါ်သို့ ထိုင်လျက်လဲကျသွားခဲ့၏။

ထိုအခါမှသူနှင့်တိုက်ခိုက်ခဲ့သူ၏မျက်နှာပုံရိပ်က လရောင်အောက်တွင်ထင်းခနဲထွက်ပေါ်လာခဲ့ပေသည်။

" ဦးရီးတော်? "

မင်းသားကျန့် အံ့သြသင့်စွာခေါ်လိုက်မိပြီး အမတ်ကြီးဝမ်ဖြစ်သော ဦးရီးတော်အားထိတ်လန့်စွာမော့ကြည့်နေမိ၏။
မင်းသမီးချင်၏ဖခင်ပင်ဖြစ်သည်။
ဘုရင်ကြီး၏ညီနောက်အရင်းအချာဖြစ်ပြီး အမတ်ကြီးဝမ်က အမတ်ရာထူးမှယာယီခွင့်ယူထားကာ သူ၏မိန်းမဖြစ်သူ၏မွေးရပ်မြေသို့သွားနေသည်ဟုသိရထားခြင်းပင်။
ဦးရီးတော်၏မိန်းမကသေဆုံးသွားပြီဖြစ်ပြီး ကျန်ရှိသောဆွေမျိုးများအား ဦးရီးတော်ကထောက်ပံ့ပေးနေရခြင်းဖြစ်သည်။
ဒီတော့ ဦးရီးတော်ဘယ်တုန်းကပြန်ရောက်လာတာလဲ။
ဘာလို့? ဘာလို့များ ကိုယ့်ရဲ့တူတော်ကိုတောင်တိုက်ခိုက်ရတာလဲ။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now