Ch 10 မတော်တဆဖြစ်ရပ်လေး

3.5K 364 26
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 10💎ღ {မတော်တဆဖြစ်ရပ်လေး}
 
မိဖုရားကြီး၏ယုံကြည်မှုကိုရရှိသွားပြီး အကာအကွယ်ရသွားသောမင်းသမီးချင်သည် သူမ၏အတွင်းစိတ်အားဖုံးကွယ်နိုင်ခဲ့သော်လည်း ဘုရင်ကြီးချမှတ်သောအမိန့်ကြောင့် အင်မတန်စိတ်ပျက်သွားခဲ့သည်။
နန်းဆောင်ထဲကနေ၃လတိတိအပြင်မထွက်ရဘူးဆိုတာ နန်းဆောင်ထဲမှာပဲ၃လတိတိအချုပ်နှောင်ခံထားတဲ့သဘောပဲ။ သူမမကျေနအ်ချေ။
ထို့ပြင် အိမ်ရှေ့စံ၏နန်းဆောင်ကိုပါသွားရောက်ခွင့်မရတော့။ ဘုရင်ကြီးရှိနေသမျှကာလပတ်လုံးတော့ သူမထိုအမိန့်အားချိုးဖောက်၍ရမည်မဟုတ်။

ထိုအပြစ်သည်အများအမြင်တော့ စေတနာအမှားလေးကျူးလွန်မိသောမင်းသမီးချင်အဖို့ မတရားဖွယ်ရာသနာစရာကောင်းနေပါသော်လည်း တကယ်တမ်းတော့ထိုအပြစ်နှစ်ခုသည် သူမအတွက်အင်မတန်လျှော့ပေါ့နေခဲ့သည်။
သူမ၏အကြံအစည်အစစ်ကိုသာသိရင် ကွပ်မြတ်စင်ပေါ်တောင်တက်ရနိုင်သည်။
သူမကံကောင်းသွားသည်က သူမ၏လုပ်ဇာတ်အားယုံကြည်ပေးသော မိဖုရားကြီးနှင့် သူမဘက်ကအပေါင်းအပါတစ်သိုက်ကြီးရှိနေခြင်းကြောင့်ဖြစ်သည်။

ဝမ်ရိပေါ်ထင်ထားသလိုပဲ မင်းသား၂မှ ဘုရင်ကြီးရှေ့မှောက်တွင်အပြစ်ကိုဝင်ခံခဲ့သော်လည်း သူမင်းသမီးချင်၏ကြိုးကိုင်ခံရမှန်းတော့ထုတ်မပြောခဲ့ပေ။
သူသာစေခိုင်းသူကိုထုတ်ဖော်ခဲ့ပါလျှင် သူ၏ညီနောင်၁မှာ ဒုက္ခရောက်လိမ့်မည်။
ထိုဖြစ်ရပ်က ဓားစားခံအားဓားထောက်ကာ ခြိမ်းခြောက်ပင်။
မင်းသား၂သည် သူအိမ်ရှေ့စံကိုမလိုမုန်းထား၍တစ်ကိုယ်တော်လုပ်ကြံခဲ့သလိုပဲ လိမ်ညာလျှောက်တင်ခဲ့ရာ အပြစ်များအားလုံးကသူတစ်ယောက်ထံသို့သာကျရောက်ခဲ့၏။
ဘုရင်ကြီးသည် သူ၏သားတော်လေးဆန္ဒအတိုင်း မင်းသား၂ 'လျိုဟန်' အား နန်းတော်မှထုတ်ပယ်လိုက်ကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။
မင်းသား၂ ကျေနပ်စွာလက်ခံကာ အိမ်ရှေ့စံအားတောင်းပန်စကားပြောပေးပါရန် နောက်ဆုံးပြောသွားခဲ့သည်။

မင်းသား၂ကိစ္စမှာပြီးဆုံးသွားသောကြောင့် သူ့အကြောင်းမပေါ်သွားသောမင်းသမီးချင်သည် နန်းဆောင်ထဲ၌ကြိတ်ကာဝမ်းသာနေခဲ့သည်။
သူမအပြင်ထွက်မရ၍ သူမဘာမှမလုပ်နိုင်တော့မှာမှမဟုတ်ပဲ။
သူမ၏ရံရွေတော်များမှာတပုံတပင်ကြီးဖြစ်ကာ သူမအိမ်ရှေ့စံအား မည်မျှအထိဒုက္ခပေးချင်နေကြောင်းသိကြသည်။
ဆိုလိုသည်မှာ သူမ၏လူများသည်သူမဘက်ကပဲဖြစ်သည်။
သူမလက်ညှိုးညွှန်ရာတွင် ရေဖြစ်နိုင်သလို သူမပါးစပ်ကထွက်သမျှအမိန့်အတိုင်း ထိုသူများကလိမ်လိမ်မာမာနာခံကြလိမ့်မည်။
မင်းသား၇ အိမ်ရှေ့စံအနားရှိနေသရွေ့တော့ သူမသည် လျှို့ဝှက်လက်နက်များဖြင့် အထိမချင်းတိုက်ခိုက်နေအုံးမည်ဖြစ်သည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now