24 ယင်မင်းသမီးအားကယ်တင်ရခြင်း

2.3K 312 79
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 24 💎ღ {ယင်မင်းသမီးအား ကယ်တင်ရခြင်း}

မည်းမှောင်နေသောတိမ်တိုက်များအလယ် တစ်ကိုယ်တည်းအလင်းရောင်ပေးစွမ်းနေသည့် ထိန်ထိန်သာလျက်သောလမင်းကြီးသည် အမှောင်ထုအားအစွမ်းကုန်ဖြိုခွင်းနေ၏။

ရှောင်ဝမ်ပူဆာသောကြောင့် မတားနိုင်သည့်အဆုံး လှည်းပေါ်မှလမ်းဆင်းလျှောက်ခဲ့ကြသည်။
ပတ်ဝန်းကျင်အားဖြင့် တိတ်ဆိတ်နေ၍အစောင့်များကလည်း အပိုစကားမပြောကြသောကြောင့် ငြိမ်းချမ်းလို့နေသည်။

ရိပေါ်အရင်ဆုံး အနီးကပ်ကိုယ်ရံတော်အား အဖမ်းခံထားရသောဓားပြများစီလိုက်ပို့ခိုင်း၏။
ကိုယ်ရံတော်လိုက်ပို့ပေး၍ရောက်သော် ဓားပြခေါင်းဆောင်ဘယ်သူလဲဟု ချက်ချင်းမေးလိုက်သည်။
ကိုယ်ရံတော်ပြန်ဖြေတော့ ခက်ထန်သောမျက်နှာနှင့်စိတ်ဓာတ်ကျခြင်းအလျင်းမရှိသော သေမှာကိုတောင်မကြောက်သည့်ပုံစံမျိုးဖြင့်လူအား သတိထားမိလိုက်သည်။
ထိူလူကခေါင်းဆောင်ပီသပါပေသည်။

" မင်းကဓားပြခေါင်းဆောင်လား "

ရိပေါ်မေးလိုက်သော် ကြိုးများဖြင့်ချည်နှောင်ခံထားရ၍ဒူးတုတ်လျက်ရှိသော ဓားပြခေါင်းဆောင်ကပြန်ဖြေသည်။

" ဟုတ်ပါတယ် အရှင့်သား "

" မင်းဘာကြောင့်ဓားပြလုပ်နေရတာလဲ အဲဒါကမင်းအတွက်ဘာအကျိုးရှိနေလို့လဲ..
မင်းသာကိုယ့်သိုင်းပညာကိုယ်ယုံကြည်ရင် နန်းတော်မှာစစ်မှုလာထမ်းလို့ရနေတာပဲကို "

ဟုတ်သည်။ ဓားပြခေါင်းဆောင်၏လက်ရုံးရည်သည် ဇာတ်လမ်းထဲမှာဖော်ပြထားသလောက်အရ မဆိုးလေသောကြောင့် သူမေးချင်သည့်အတိုင်းမေးလိုက်၏။

" အရှင့်သား စေတနာကိုကျေးဇူးတင်ပါတယ်..
ဒါပေမယ့် ကျွန်တော့်ဘိုးဘေးတွေကအစဓားပြခေါင်းဆောင်အလုပ်ပဲလုပ်ခဲ့တော့ မျိုးဆက်ဖြစ်တဲ့ကျွန်တော့်အနေနဲ့ မငြီးမငြူလက်ခံရကြောင်းပါ..
နောက်ပြီး ဓားပြညီအစ်ကိုတွေနဲ့လည်းရသ်းနှီးခင်မင်နေကြပြီမို့ သူတို့ကိုလည်းမပစ်ပယ်သွားချင်တာနဲ့ ခေါင်းဆောင်နေရာကိုပဲယူထားခြင်းပါ "

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now