18 တူစုံနှင်သောခရီးတစ်ခု

2.8K 307 48
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 18 💎ღ {တူစုံနှင်သောခရီးတစ်ခု}

ဘုရင်ကြီးပြောသွားသောစကားများကြောင့် စိတ်ပင်ပန်းစွာပဲ ရိပေါ်အိပ်ပျော်သွား၏။
အိပ်မက်ထဲမှာတောင် ရှောင်းဧကရာဇ်[မင်းသားကျန့်] နှင့် ဝမ်ဘုရင်ငယ်[သူ] စီးချင်းထိုးကြလို့ လန့်နိုးလာရသေးသည်။
မင်းသားကျန့်ကသူ့အားဘယ်လိုမှချစ်လာနိုင်မှာမဟုတ်၍ သူမရယူနိုင်ပါလျှင် ထာဝရဝေးကွာသွားရလိမ့်မည်။
အိပ်မက်ထဲမှာလည်း သူဘုရင်ဖြစ်သွားတော့ ဇာတ်လမ်းထဲကအတိုင်းမင်းသားကျန့်က ထီးနန်းလာသိမ်းခဲ့ကာ သူ့အားအရင်ကအနည်းငယ်မျှသော သံယောဇဉ်ကိုငဲ့၍ဆိုပြီး အကျဥ်းပဲချထားခဲ့သည်။
သူကအကျဥ်းထောင်ထဲမှာပဲနေရစဥ် သူချစ်တဲ့သူကတော့နန်းသိမ်းပွဲလုပ်ရင်း မိဖုရားတွေနဲ့ပျော်နေသည်တဲ့။
ဘယ်လိုပေါက်ကရအိပ်မက်ကြီးလဲမသိ။

သို့ပါသော် သူ့ကိုထိုအိပ်မက်ကသတိလာပေးသလိုခံစားလိုက်ရသည်။
သူသာမင်းသားကျန့်ကိုလက်လွှတ်မခံနိုင်ပါက ကိုယ့်အား.ကိုယ်ကိုးကာအရယူရတော့မည်ဖြစ်သည်။
သူမင်းသားကျန့်ကိုယှဥ်နိုင်မှသာ တစ်ချိန်ချိန်မင်းသားကျန့်နန်းတော်ကိုကျူးကျော်လာပါက အနိုင်ယူကာအပိုင်သိမ်းနိုင်မည်။
ထို့ကြောင့် အလကားမူလအိမ်ရှေ့စံလိုတော့ သူအချိန်မဖြုန်းနိုင်။
အမြန်ဆုံးပဲ ဆရာကြီး'နျဲ့'စီသွားပြီး ပြန်လည်တောင်းပန်ကာ တပည့်အဖြစ်နေရာပြန်ယူရမည်။
ဆရာကြီးစီကဓားသိုင်းများကိုသေချာလေ့လာသင်ယူပြီး မင်းသားကျန့်နှင့်ယှဥ်နိုင်အောင်ကြိုးစားရပေမည်။

သူနိုးလာတော့ နောက်တစ်နေ့ကူးနေပြီဖြစ်ကာ နေ၏အလင်းရောင်ကထွက်ပေါ်စပြုရုံသာရှိသေးသည်။
သူအားပြုကာထထိုင်လိုက်တော့ လျော့ရဲနေသောပုခုံးထက်ကဝတ်ရုံများက လျှောကျသွား၏။
ရင်ဘက်နားမှလစ်ဟာနေသလိုခံစားရ၍ကြည့်လိုက်မိတော့ သူ့ဝတ်ရုံများကပြေနေလေ၏။

အမ်? ငါ့ကိုတစ်ယောက်ယောက်ကဝတ်ရုံလာချွတ်သွားတာတောင် မသိပဲအိပ်ပျော်သွားခဲ့တာလား!
ဘယ်သူကရော ဒီလိုလာလုပ်တာတုန်း?
ငါ့ကိုထိရဲတဲ့သူဘယ်သူရှိလို့လဲ?

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now