66 အိမ်ရှေ့စံနန်းပြန်တတ်ပြီ

1.8K 207 9
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 66 💎ღ {အိမ်ရှေ့စံနန်ပြန်းတက်ပြီတဲ့}

ဝမ်ရိပေါ်ဆု​တောင်းမိတိုင်းပြည့်သည်ကများသည်။
သူအခုနန်းတော်ထဲပြန်ဝင်လာတော့ ဟိုအကောင်ကြီးကြီးခွေးနှင့်တကယ်မတွေ့။

တစ်လှမ်း..နှစ်လှမ်း..သုံးလှမ်း..

'အာဝူးးး....'

ဖြည်းညှင်းစွာလျှောက်နေရသောသူ့ခြေလှမ်းများ လေထဲရပ်တန့်သွားရ၏။
ခပ်တိုးတိုးဆဲရေးမိသည်သာ။
သူဆုတောင်းတိုင်းတကယ်ပြည့်တာကများသည်ကို ဘာကြောင့်ဒီတစ်ခါမှသိက္ခာကျရတာလဲ။

ထိုစဥ်အနောက်ဘက်မှခြေသံများ သူရှိရာဘက်သို့လာနေသည်ကိုခံစားလိုက်ရပြီး တစ်ဆက်တည်းသူ့ကိုယ်ကသစ်ပင်နောက်အလိုလိုရွေ့သွားသည်။

ခဏအကြာမှာတော့မီးတုတ်များကိုင်ထားကြသည့်ကင်းလှည့်အဖွဲ့ကြီးဖြစ်လို့နေသည်။
အပုန်းမြန်၍မီးတုတ်များနဲ့အုပ်စုကြီးသူ့ကိုမတွေ့ကြတာ။
သူပုန်းကွယ်နေရာသစ်ပင်ရှေ့မှ ပွတ်ကာသီကာလေးဖြတ်လျှောက်သွားကြသည်ပင်။

ထင်တဲ့အတိုင်း အမဲလိုက်မန်ထိုသည် ထိုလူအုပ်ကိုဦးဆောင်လာတာဖြစ်သည်။
ထိုခွေ၏နှာခေါင်းကိုရွှေချထားဖို့ကောင်းသည်။
သူရှိနေရာအရပ်ကို လာအူပြသည်ဆိုကတည်းက တစ်ခါမြင်ဖူးရုံနဲ့မှတ်ဥာဏ်အားကောင်းသော မဟာအမျိုးအစားဖြစ်လိမ့်မည်။
တော်ဝင်ခွေးများလားဟု သူစတင်စဥ်းစားမိလာသည်။

ထိုအချိန်ပဲမန်ထို၏အူသံကသစ်ပင်နောက်သို့ဆွဲငင်လာ၏။
ခွေးနက်ကြားကြီး၏ဖန်သလင်းလိုမျက်လုံးများက သစ်ပင်နောက်ကလူကိုလည်ပြန်စိုက်ကြည့်လာသည်။

" မန်ထို ဘာလဲ..ဘယ်မှာလဲ "

ခေါင်းဆောင်ရဲမတ်ကခွေးကြီးအားမေးလိုက်၏။

ဝမ်ရိပေါ်တော့စိတ်ထဲက 'သွားပြီ'ဟုသာတနေပြီး ဓားအိမ်ပေါ်လက်ကိုအဆင်သင့်တင်ထားလျက်။
သူလူမသတ်ချင်ပါဘူးဆို တကယ်ကြီးဒီအများကြီးကိုသတ်ရတော့မှာလား။
ကြံရာမရသည့်အဆုံးသူ့ကိုကြည့်နေသောခပ်ဝေးဝေးကမန်ထိုအား အကြည့်ဖြင့်သာ ကူညီခိုင်းမိသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now