Ch 6 ဇာတ်လိုက်၏ကယ်တင်မှုများမပြီးဆုံးနိုင်

3.8K 419 23
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 6 💎ღ
{ဇာတ်လိုက်၏ကယ်တင်မှုများမပြီးဆုံးနိုင်}

မူလဇာတ်လမ်းသည် ဇာတ်လိုက်မစီမှမက်မွန်သီးတောင်စား၍မရခဲ့သော ဗီလိန်အိမ်ရှေ့စံက ဇာတ်လိုက်မ သဘောကျသော ဇာတ်လိုက်အားဒေါသထွက်သွားကာ နေဝင်ချိန်တွင်ဇာတ်လိုက်အား ဥယျာဥ်တော်အတွင်းလုပ်ကြံခဲ့သည်။
ဇာတ်လိုက်တစ်ယောက်တည်းကျန်ခဲ့ချိန်ကိုအခွင့်ကောင်းယူ၍ မင်းသား၂နှင့်ပေါင်းကြံကာ ဇာတ်လိုက်အားဒဏ်ရာရအောင်စေခိုင်းခဲ့သည်။
ထိုအခြင်းအရာသည် အချစ်ကြောင့်တစ်ဖက်လူအား ရန်သူအဖြစ်အလွယ်တကူသတ်မှတ်လိုက်သော ဗီလိန်အိမ်ရှေ့စံ၏အတ္တဖြစ်သည်။

သူသာလျှင် မင်းသမီး'ချင်'အနားရှိရမည်ဟုကြုံးဝါးပြီး မင်းသမီး'ချင်'သဘောကျနေသော မင်းသား၇အား ဗီလိန်အိမ်ရှေ့စံကအမြင်မကြည်စွာ​ပဲ နည်းအမျိုးမျိုးဖြင့်လုပ်ကြံခဲ့သည်။
ရလဒ်ကတော့ ဇာတ်လိုက်ကဘာမှမဖြစ်ခဲ့သည့်အပြင် ဇာတ်လိုက်မရဲ့သနားကြင်နာစိတ်လေးကိုပါရရှိခဲ့ပြီး မင်းသမီး'ချင်'ရဲ့အချစ်တွေက မင်းသား၇အပေါ်ပိုမိုတိုးပွားလာခဲ့သည်။

ဗီလိန်အိမ်ရှေ့စံသည် မက်မွန်သီးကိစ္စအခဲမကျေခဲ့သည့်ညတွင်ပဲ မင်းသား၂အား မင်းသား၇ကို အဆိပ်လူးမြားဖြင့်ပစ်ရန်စေခိုင်းခဲ့သည်။
မင်းသား၂လည်း မင်းသား၁၏ဖိအားကြောင့်ရော အိမ်ရှေ့စံ၏အမိန့်ကြောင့်ပါ မင်းသား၇အားလုပ်ကြံရန် သဘောတူလိုက်၏။
မင်းသား၇၏လက်ရုံးရည်ကမသေးတာမို့ မြားတွေရောဓားကိုပါအဆိပ်ရည်သုတ်ခဲ့ပြီး လက်နက်များကိုပြင်ဆင်ခဲ့သည့်မင်းသား၂သည် ဥယျာဥ်တော်တွင်မင်းသား၇အား ချောင်းတိုက်ခဲ့စဥ် ခြေထောက်တစ်ဖက်ဒဏ်ရာရသွားပြီး သူ၏ဓားဖြင့်ဇာတ်လိုက်အားဒဏ်ရာရအောင်လုပ်နိုင်ခဲ့သည်။
ထို့ကြောင့် မင်းသား၇အဆိပ်မိခဲ့ရသည်။
ထိုအကြောင်းကို မင်းသား၂မှတစ်ဆင့်ဘုရင်ကြီးကသိသွားလေတော့ ဗီလိန်အိမ်ရှေ့စံ တစ်လတိတိနန်းဆောင်မှအပြင်ထွက်ခွင့်ပိတ်ခဲ့သေးသည်။
အဲ့တုန်းက ဗီလိန်အိမ်ရှေ့စံအပြစ်ပေးခံလိုက်ရ၍ ဝမ်ရိပေါ်တစ်ယောက်စာဖတ်ရင်းနဲ့ လက်ခုပ်လက်ဝါးတောင်တီးပေးလိုက်သေး၏။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now