64 {မြောက်ပိုင်းနယ်စပ်ပြဿနာ }

2.2K 243 46
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 64 💎ღ {ချစ်သူထံမှထွက်ပြေးရခြင်း/ မြောက်ပိုင်းနယ်စပ်ပြဿနာ}

မင်းသားကျန့်၏လက်ရှိအခြေအနေသည် ဘာမှမရှိတော့သည့်သေတ္တာကြီးတစ်ခုလိုဖြစ်နေသည်။
ဘာကြောင့်ဆို သူ့ရဲ့မူပိုင်ဟုသက်မှတ်ထားရတဲ့အချစ်လေးက တစ်စုံတစ်ယောက်ကိုခုန်အုပ်နေသတဲ့။
မျက်လုံးများကိုတောင်ထိုးဖောက်ချင်မိသည်အထိ အစောလေးကမှသူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူအကန်းတစ်ယောက်တောင်ဖြစ်သွားချင်သည်။

သူ့စိတ်ထဲချစ်သူအပေါ်ယုံကြည်မှုကိုတလေးတစားထားရှိပြီး ခေါင်းစခြေဆုံးမှအစွမ်းအစတွေကိုစုစည်းကာ ထိုလူသားလေးကိုရယူနိုင်ဖို့အရာရာကိုခါးစီးခံပြီးကြိုးစားခဲ့သည်။
ပထမဆုံးအနေနဲ့ ရှောင်ဝမ်သူ့ကိုအဖြစ်မှန်တွေမပြောပြခဲ့။
ဒါကိုသူလက်ခံနိုင်သည်။
သို့ပေမယ့်ဤအကြိမ်မြောက်တွင်တော့ သူခွင့်လွှတ်နားလည်ပေးရကျိုးမနပ်လောက်အောင် သူချစ်တဲ့သူကအခြားတစ်ယောက်နဲ့ရှိနေသည်။

ဟုတ်သည်။ သူကတော့ရှောင်ဝမ့်ကိုအထင်လွဲသွားမိလို့ ခွဲခွာနေခဲ့ရတဲ့ရက်ပေါင်းသုံးဆယ်ကျော်လုံးလုံး ​နောင်တများနဲ့သာနေထိုင်ခဲ့ရ၏။
ရှောင်ဝမ့်ကိုပြန်တွေ့ရင် ပွေ့ဖက်ပြီးနှစ်သိမ့်မယ်၊ ဒူးထောက်ပြီးတောင်းပန်ပါမယ်ဟု သစ္စာပြုခဲ့သည်။
သူ့ရဲ့အထင်လွဲမှုလေးသက်သက်ကြောင့် သူနဲ့ရှောင်ဝမ့်ကြား အချစ်တွေနည်းနည်းတောင်လျော့မသွားချင်။
ထို့ကြောင့် သူပြန်လာတဲ့အခါကျရှောင်ဝမ်ပေးမည့်သက်သေကိုလည်းသူမစောင့်ချင်တော့။
သူကဦးဆုံးတောင်းပန်ပြီး ရှောင်ဝမ့်ကိုပွေ့ဖက်ထားလိုက်မည်ဟုသာတွေးခဲ့မိသည်။
ချစ်သူအားအထင်လွဲခဲ့သည့်သူ့ကိုယ်သူ အချိန်တိုင်းနာကျည်းမုန်းတီးခဲ့၏။

မကြာခင်ကကြားခဲ့ရသည့် လက်ထပ်ပွဲဆိုတဲ့သတင်း​ကြောင့် သူဘယ်လောက်တုန်လှုပ်သွားသလဲသူအသိဆုံး။
နှလုံးသားနဲ့ရင်းပြီးရည်မှန်းထားတဲ့ 'ချစ်ရသူ'ဆိုတဲ့ဆုလာဘ်လေးကို ရင်ဝယ်ပိုင်ဆိုင်ရဖို့ အားလုံးကိုမငဲ့ပဲကြိုးစားခဲ့ရတာ ကြားမယ့်ကြားတော့ သူ့ချစ်သူနဲ့အခြားတစ်ယောက်ရဲ့ မဂ်လာသတင်းတဲ့။
ထိုတုန်းကလည်းသူယုံကြည်မှုကိုပွေ့ပိုက်ထားဆဲသာ။
ရှောင်ဝမ်ကသူ့ကိုသာချစ်ပြီး သူ့ကိုသာမျှော်လင့်နေမည်မို့သူအားတင်းရင်း မြို့တော်သို့ပြန်ခြေချခဲ့သည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)जहाँ कहानियाँ रहती हैं। अभी खोजें