44 ရှားပါးရတနာအတွက်အလဲအလှယ်

2.2K 316 29
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 44 💎ღ { ရှားပါးရတနာအတွက်အလဲအလှယ် }

ဟိုးအရင်နှစ်ပေါင်းရာကျော်လောက်က အရှေ့ပိုင်းနှင့်အနောက်ပိုင်း​ရော တောင်ပိုင်းရောမြောက်ပိုင်းကိုပါ တစ်စုတစ်စည်းတည်းချုပ်ကိုင်အုပ်စိုးခဲ့သော ဟန်အင်ယာ၏ ဧကရာဇ်တစ်ပါးရှိခဲ့သည်။
ထိုဧကရာဇ်သည် တစ်ဆယ့်ခုနှစ်နှစ်ဖြင့်နန်းတက်ခဲ့ရပြီး အရပ်လေးမျက်နှာရှိနယ်ပယ်အသီးသီးပြည်နယ်အသီးသီးတို့ကိုကောင်းစွာထိန်းချုပ်နိုင်ခဲ့လေပြီး ပြည်နယ်အများအပြား၏ထောက်ခံမှုများစွာကိုရရှိခဲ့သည်။
သူ၏ထီးနန်းစံရာဆယ်နှစ်တာလုံး အရပ်လေးဆယ်မျက်နှာစလုံး သာယာဝပြောခဲ့ပြီး ဧကရာဇ်၏ဘုန်းတန်ခိုးကြောင့် ပြည်တွင်းရန်ဟူ၍လည်းကင်းစင်ခဲ့ရာ၏။

သို့သော်ထိုမျှငြိမ်းချမ်း၍သာယာဝပြောသောဟန်အင်ပါယာသည် မမျှော်လင့်သောဖြစ်ရပ်ဆိုးကြီးဖြင့်ကြုံခဲ့ရလေသည်။
ထိုနေ့သည်ကား ဧကရာဇ်၏သက်တော်နှစ်ဆယ့်ခုနှစ်နှစ်အရွယ်တွင် တောင်ဝင်မျိုးနွယ်ထဲမှမင်းသမီးတစ်ပါးအား ဧကရီတင်မြှောက်မိရာမှ ကတ်ဆိုးများကစတင်ခဲ့၏။
တိုင်းပြည်ရေးရာအဖြာဖြာတို့တွင်သာကျွမ်းကျင်ပါသောဧကရာဇ်သည် အချစ်ရေးအချစ်ရာများတွင်မကျွမ်းကျင်ခဲ့ရာ ဝန်ကြီးများနှင့်အမတ်များကရွေးချယ်အကြံပြုသည့် မင်းသမီးကိုပဲကြင်ယာတော်အဖြစ်ရွေးချယ်ခဲ့သည်ပေါ့။

ထိုရွေးချယ်မှုကသူ့ရဲ့အကြီးမားဆုံးသောအမှားပဲဆိုတာသူသိလိုက်ရသည့်အချိန်သည်နောက်ကျသွားခဲ့လေပြီ။
တကယ်တမ်းသူ့ရဲ့ဦးဆုံးသောဧကရီအလှလေးက အမတ်လေးဦးနှင့်တိုင်ပင်၍ ရည်ရွယ်ချက်ရှိရှိပဲဧကရာဇ်အနားကိုချဥ်းကပ်ခဲ့တာဖြစ်ပြီး နောက်တုံးသူ့အားအဆိပ်ခတ်လုပ်ကြံခဲ့ပေသည်။
သူလည်းဧကရီအားယုံကြည်မှုလွန်ကဲခဲ့သည်ထင်ပါရဲ့..မဂ်လာသေရည်ထဲအဆိပ်ခတ်ခံရပြီးနောက် သူ့ဘဝကလည်းအဆုံးသတ်သွားခဲ့ရသည်။

သူမသေခင်နာကြည်းချက်အမုန်းတရားများသယ်ဆောင်သွားရသည်မို့ မကျွတ်မလွတ်နိုင်ပဲခေတ်အဆက်ဆက်တွင်တစ္ဆေတစ်ကောင်ဖြစ်ခဲ့ရချိန်တွင် သူ၏သစ္စာဖောက်အမတ်လေးဦးက အရှေ့အနောက်တောင်မြောက်သောလေးမျက်နှာကိုအသီးသီးခွဲယူပြီး မင်းလေးပါးအဖြစ်အုပ်ချုပ်ခဲ့ကြသည်လေ။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now