60 ရန်သူတော်အားကယ်တင်ပေးခြင်း

1.7K 220 13
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 60 💎ღ {ရန်သူတော်အားကယ်တင်ပေးခြင်း}

ကိုယ်လုံးပေါ်မှန်ရှေ့ရပ်နေသောဆယ်ကျော်သက်အရွယ်​ကောင်လေးတစ်ယောက်က သူ့ကိုယ်သူခေါင်းစခြေဆုံးကြည့်နေကာ မျက်နှာထက်လည်းအားရကျေနပ်မှုများပြည့်နေသည်။
သူသည်ကား ဝမ်ရိပေါ်။
မိမိကိုယ်ကိုတလောကမှာအချောဆုံးဟုခံယူထားသည့် စိတ်ကြီးဝင်တတ်သောသူဌေးသားလေး။
မှန်ထဲကပုံရိပ်ယောင်တွင်တောင် ခြေထောက်ကကြမ်းပြင်အခင်းနှင့်မကပ်တော့သလို။

"အား..ငါဘာကြောင့်ဒီလောက်ချောနေရတာလဲ "

ခါးထက်သဘက်တစ်ထည်သာရှိပြီး ရေချိုးပြီးကာစမို့ဆပ်ပြာနံ့လေးကသင်းပျံ့ဆဲ။
သို့ပေမယ့်သူရှေ့တိုးကာမှန်ထဲသေချာကြည့်မိမှ သူ့ရင်ဘက်ပေါ်တွင်အရာတစ်ခုတွေ့လိုက်မိသည်။
အကြောင်းရင်းကား ရေချိုးခန်းထဲခိုအောင်းနေသည့်ခြင်စုတ်ကသူ့ကိုကိုက်သွား၍ နီရဲနေခြင်း။
ချက်ချင်းဆိုသလိုသူ့မျက်နှာကအလိုမကျမှုများကြီးစိုးသွားကာ အော်ငိုပြီးမားအားခေါ်တော့သည်။

သူ့ငိုသံကြောင့်မားဝင်လာတော့ မျက်ရည်မထွက်ပဲငိုနေပါသောသား။

" ဘာဖြစ်လို့လဲ သားလေး "

ရိပေါ်သူ့ရင်ဘက်ပေါ့လက်ညွှန်းထိုးပြလိုက်သည်။
" ကြည့်ပါအုံးမား..သားကိုခြင်ကိုက်သွားတယ်..
မြန်မြန်ဆေးယူပေးပါ မဟုတ်ရင်ကုတ်မိပြီးအရာကြီးကျန်ခဲ့မှာ "

မားကခေါင်းတခါခါဖြင့်ရယ်ရခတ်ခတ်ငိုရခတ်ခတ်ပင် ဆေးဘူးသွားပြေးယူပေးသည်။

ဆေးလူးပြီးကာမှဝမ်ရိပေါ်သက်ပြင်းချရ၏။
သူ့ရဲ့ခေါင်းစခြေဆုံးတစ်နေရာလေးတွင်တောင် အမဲစက်ကလေးဖြစ်ဖြစ် အရာလေးတစ်ရာဖြစ်ဖြစ်ရှိမနေချင်။
သူဆိုသည်ကားအရမ်းကိုကြီးကျယ်လွန်းသည်။

" မားရာ သားကိုမုန့်ဖိုးပေးပါအုံး တစ်ကိုယ်လုံးပေါင်းသွားတင်ရမယ်..ခြင်ကိုက်တာလည်းအသားအရည်အတွက်စိုးရိမ်ရတယ်ဗျ "

မားဘာမှမပြောနိုင်ပဲရယ်ရင်းသာရှိနေတော့၏။

_____

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now