45, 46

2.2K 302 23
                                    

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 45 💎ღ { လှုံ့ဆော်မှုများကြောင့် ခက်ထန်လာခြင်း }

" ရှောင်ဝမ် "

" အာ..အစ်ကိုတော်၇ပဲ "

ဘုရင့်အမိန့်ကြောင့် နန်းတော်ထဲလုံခြုံစွာပြန်ရောက်လာသောမင်းသားကျန့်သည် ရှောင်ဝမ့်ရှိရာသို့အရင်ဆုံးခြေဦးတင်လာကာ အိမ်ရှေ့စံအဆောင်သို့ရောက်ခဲ့ပါသည်။

သို့သော် ဝမ်းပမ်းတသာပြန်လာခဲ့သောသူ့အားစီးကြိုနေသည်က ရှောင်ဝမ့်၏သူစိမ်းဆန်ဆန်မျက်ဝန်းများနှင့်အပြောမဆိုများသာ။

ရှောင်ဝမ်က နန်းဆောင်ရဲ့ဝန်းထဲ မင်းသမီးချင်နှင့် ရယ်မောပျော်ရွှင်နေကာ သူ့ကိုတွေ့လိုက်ရတော့မျက်နှာထားကအေးစက်သွားခဲ့ပြီး 'အစ်ကိုတော်၇'လို့တောင် ခေါ်ခဲ့သည်။
'ကောကော'ဆိုတဲ့ နာမ်စားလေးကို ရှောင်ဝမ်မေ့လျော့သွားလေသလား။

" ရှောင်ဝမ်..ကိုယ်ပြန်လာပြီလေ မင်းမပျော်ဘူးလား "

" ပျော်ရမှာလား..အင်း ပျော်ပါတယ်လေ..
အစ်ကိုတော်ပြန်လာတော့ ကျွန်တော်နဲ့အားချင်လေးရဲ့လက်ထပ်ပွဲလည်းလူစည်သွားတာပေါ့ "

" မင်းဘာပြောတယ် ရှောင်ဝမ်? "

မထင်မှတ်ပဲ အေးစက်တည်ငြိမ်သွားသည့်ရှောင်ဝမ်က အစစအရာရာပြောင်းလဲနေသည်။
အခုရော..အခြားတစ်ယောက်နဲ့လက်ထပ်တော့မယ်လို့ပြောလိုက်တာလား။
ဒါဆို ရှောင်ဝမ်က သူ့ကိုမချစ်တော့ဘူးလား။
ရှောင်ဝမ်ပြောင်းလဲသွားပြီလား။

မေးခွန်းပေါင်းများစွာ ရင်ထဲပြည့်နက်နေသောမင်းသားကျန့်သည် ကြောင်အမ်းစွာတိတ်ဆိတ်လို့သွားပြီး သူ့အမေးကိုရှောင်ဝမ်ပြန်ဖြေလာမှာစောင့်နေသည်။
သို့သော်ပြန်ဖြေလာသူက ရှောင်ဝမ့်ဘေးတွင်တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော မင်းသမီးချင်ပင်။

သူမကဟားတိုက်ရယ်ကာပြောလာခဲ့သည်။

" သနားစရာအချစ်လူသားကြီးပါလား မင်းသား၇ရယ်..
မယုံရင်လည်း စောင့်ကြည့်ပါ လပိုင်းတောင်မကြာခင် ငါနဲ့အိမ်ရှေ့စံကောကောတို့လက်ထပ်ကြတော့မှာလေ..
နင်ထွက်သွားမှတော့ အိမ်ရှေ့စံကောကောလည်းမစောင့်နိုင်တော့တဲ့အဆုံး ငါ့ကိုရွေးချယ်လိုက်တာဆန်းသလား..
နင်ကအရှုံးသမားပါဟာ ကိုယ့်ချစ်သူကိုတောင်မသိမ်းထားနိုင်ဘူးလေ..
အဲ့တော့ ငါကပဲအနစ်နာခံလိုက်ရတာပေါ့..
အခုဆိုမိဖုရားကြီးရဲ့သဘောတူညီချက်နဲ့ ငါတို့ရဲ့လက်ထပ်ပွဲကဖြစ်လာတော့မှာ "

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now