51 မြင်သာမြင်ရမကြင်ရပေ

2.1K 272 22
                                    

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 51 💎ღ { မြင်သာမြင်ရမကြင်ရပေ }

" ဘယ်သွားတာလဲ "

အဘိုးအိုးတစ်ယောက်လမ်းကြားထဲမှနေ ရုတ်တရက်ထွက်လာကာ လျှောက်လာသူ၏လျှောက်လမ်းအားပိတ်ရပ်ပြီးမေးလိုက်သည်။

" သူ့စီ "

တစ်ဖက်ကအဖြေကြောင့် အဘိုးအိုကခေါင်းခါလိုက်၍ မတတ်သာစွာပြောလာသည်။

" မင်းသူ့ကိုတွေ့ချင်နေမှန်းသိပါတယ်..ဒါပေမယ့် တွေ့လို့မဖြစ်သေးဘူးလေ "

" သိပါတယ် အခုလည်းကျွန်တော်တိတ်တိတ်လေးသွားခဲ့တာပါ သူမသိပါဘူး "

" နေပါအုံး တိတ်တိတ်လေးသွားပြီးမင်းကဘာသွားလုပ်တာတုန်း "

" ကျွန်တော့်ကိုရှာရတာ သူညောင်းနေပြီ သွားနှိပ်ပေးခဲ့တာ "

"...."

အဘိုးအိုစွံ့အ၍သာဘာမှမပြောနိုင်တော့။
ဧကရာဇ်လောင်းလေးသူ့မြေးဖြစ်သူက ကြင်ယာတော်လောင်းကိုနှိပ်ပေးလာတယ်တဲ့။
တော်တော်လည်း ချစ်သူအပေါ်သြဇာညောင်းနေအုံးမည်။
'ဘာကြောက်'လို့ခေါ်ရမည်နည်း။

အဘိုးအို သူ့အတွေးနဲ့သူဖြစ်နေစဥ် တစ်ဖက်လူကသူ့အားကျော်ကာထွက်သွားသောကြောင့် အမြန်ပြေးလိုက်ရသည်။

" ဟေး..စောင့်အုံးလေ..ဟေး ရှောင်းကျန့် ! "

ထွက်သွားသောသူကတော့ လှည့်မကြည့်ပါပေ။
သူလည်းသူ့အပူနှင့်သူသာ။

မင်းသားကျန့် လွန်ခဲ့တဲ့နှစ်ရက်လောက်ကတည်းက စားသောက်ဆိုင်တစ်ဆိုင်မှာ အမှတ်မထင်ပဲ ရှောင်ဝမ့်ကိုတွေ့ခဲ့မိသည်။
ထိုနေ့ကသူ့အားအဘိုးအိုသာတားမထားပါလျှင် ရှောင်ဝမ့်အားပြးဖက်ပြီးနေလောက်ပြီဖြစ်သည်။
သို့ပေမယ့် အခုသာသူရှောင်ဝမ်နှင့်ထွက်တွေ့လိုက််ပါက နန်းတော်ကိုပြန်ပါသွားနိုင်ပြီး မိဖုရာကြီး၏မကြည်ဖြူသည့်သံသရာထဲပဲလည်နေလိမ့်မည်။
သူ့မှာ ရှောင်ဝမ့်ဆန္ဒကိုမတားမြစ်မဖျောင်းဖျနိုင်မယ့်အဆုံး မတွေ့ပဲနေတာကသာကောင်းပါ၏။
သူလည်း ရှောင်ဝမ့်ကိုပိုင်ဆိုင်ရဖို့ကြိုးစားနေလေပြီ။
မကြာခင်နန်းတော်မှာ ခမည်းတော်က ရှောင်ဝမ့်ကိုထီးနန်းလွှဲလာလိမ့်မည်။
ဘုရင်အဖြစ်ကိုစွန့်ပြီး တောင်ပေါ်တွင်သာကျင့်ကြံတော့မည်ဟု ခမည်းတော်ကဆုံးဖြတ်ထား၏။
သို့ရာ ရှောင်ဝမ်နန်းတက်ပါက တစ်ခါတည်းနန်းတော်ကိုစစ်ကြေညာပြီး သိမ်းပိုက်ရန် သူပြင်ဆင်ထားမိသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now