31 ချစ်ခြင်း၏အလှတရား

2.7K 317 92
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 31 💎ღ { ချစ်ခြင်း၏အလှတရား }

မထင်မှတ်ထားသောကြောင့် ခေတ္တမျှအံ့သြသင့်သွားပြီးနောက်မှ ဝမ်ရိပေါ်တစ်ယောက် ဝမ်းသာသွားခဲ့သည်။
နောက်ဆုံးတော့ မင်းသားကျန့်စီကအမှန်တရားက ထွက်ပေါ်လာခဲ့လေပြီ။
မင်းသားကျန့်ကသူ့အားချစ်နေပါ၏။
ထိုအရာကအမှန်တရားပင်။
ဝန်ခံ၍မရသောအခြေအနေတစ်ခုကသာ တားဆီးထားခြင်းဖြစ်လိမ့်မည်။
ဘာပဲပြောပြော မင်းသားကျန့်စီကအချစ်ကိုသူရသွားပြီမို့ သူတစ်ယောက်တော့တစ်လောကလုံးထက်သာသွားသလိုခံစားလိုက်ရသည်။

'တစ်လောကလုံး၏အရှင်သခင်'ဆိုတဲ့ ဇာတ်လိုက်ကြီး တကယ်ချစ်တဲ့သူကဘယ်သူဆိုတာ သိကြပြီဟုတ်!
ဟားဟား ဘဝကူးလာရတာတန်သွားပြီလေ ငါလေး!

" ရှောင်ဝမ် ? "

ရုတ်တရက် မင်းသားကျန့်သူ့ကိုခွာလိုက်ပြီး အလန့်တကြားပြောလိုက်၏။

" မင်းမျက်နှာရွှံ့တွေပေသွားပြီ! "

"-_-! "

ငါ့မျက်နှာကို သူကရွှံ့ပေနေတဲ့လက်ကြီးနဲ့ကိုင်လိုက်တာပဲ!

သူကဖြင့်အနမ်းခံရ၍ပျော်နေခဲ့သောကြောင့် မင်းသားကျန့်သူ့ကိုနမ်းလိုက်တာ ကြာပန်းခူးထားလို့ ရွှံ့ပေနေတဲ့လက်ကြီးနဲ့ကိုင်ရင်း ဆိုတာ သတိမထားမိခဲ့ချေ။

ရတယ် ရတယ်..အသားအရည်တောင်လှသေးတာပဲ..ရွှံ့စေးမျက်နှာသစ်ဆေးတောင်ရှိသေးတာပဲမဟုတ်လား!

ရိပေါ်အဆင်ပြေနေသော်လည်း မင်းသားကျန့်ကသူ့ပါးပြင်တွင်ပေနေသောရွှံ့တွေကို သူကိုင်ထားတဲ့သူ့ဝတ်ရုံကိုလှမ်းယူရင်း ဝတ်ရုံစနဲ့သုတ်ပေးလိုက်သည်။

" ကောကော ဝတ်ရုံတွေပေကုန်ပြီ "

" ဘာမှမဖြစ်ပါဘူး "

မင်းသားကျန့်ပြန်ဖြေနေပေမယ့် အကြည့်ကတော့ရိပေါ်စီမှမခွာပေ။
သူကဆက်ပြောလာ၏။

" ငါ့ရဲ့အဖြေကအရမ်းကိုကို့ရိုးကားယားနိုင်သွားလား..ငါမပြောခဲ့ဘူးဆိုတာက မင်းနဲ့ငါဘယ်လိုမှပေါင်းစပ်လို့မရလို့ နှစ်ယောက်စလုံးနာကျင်ရမှာစိုးလို့မပြောခဲ့တာပါ..
ငါတို့ကသွေးသားအရင်းတွေဖြစ်နေတော့ ဘယ်လိုလုပ်ပြီးရှေ့ဆက်ကြမှာလဲ..

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now